အပိုင်း(၂၉)

Start from the beginning
                                    

"ဟုတ်ပါ့ဗျာ ကျွန်တော့်အပျိုလေးက ကျွန်တော့်ကိုအရမ်းချစ်လို့ ဒီလိုတွေလာပို့တာပေါ့ဗျ"

"အယ်ဗျာ.. ဒီလိုဆိုတော့လည်း ကျွန်တော်ဘဲ အပြင်ထွက်စားရတော့မယ်ထင်တယ် သွားပြီ ဆရာရေ"

"ဟုတ်ပြီ ဟုတ်ပြီကိုမျိုးဇော် ကောင်းကောင်းသွား"

ကျွန်တော် ထမင်းချိုင့်ကို အသာမြှောက်ကြည့်ကာ ပြုံးလိုက်ရင်း နားနေခန်းထဲပြန်ဝင်လာလိုက်သည်။ထမင်းချိုင့်ကို အသာဖွင့်ကြည့်တော့ ထွက်ပေါ်လာတဲ့ ခပ်သင်းသင်းဟင်းနံ့က လူနာတွေကြား ဟိုပြေးဒီပြေးနဲ့ အလုပ်ပင်ပန်းနေတဲ့ ကျွန်တော့်အတွက်အားဆေးတစ်ခွက်လို။စိတ်ထဲဝင်ရောက်လာတဲ့ စကားတစ်ခွန်း။ငါနဲ့ မမော်ပြတ်သွားတာကြာပြီ ဆိုတဲ့စကား။ဘယ်ဟာကဘဲ ကျွန်တော့်ကိုစိတ်ကျေနပ်စေမှန်းမသိသော်ငှား ကျွန်တော်စိတ်လွှတ်ကိုယ် လွှတ်ပြန်ပြုံးလိုက်ရင်း ထမင်းချိုင့်ထဲက ဟင်းကိုတစ်ချက်ကြည့်မိတော့ အခွံသေချာခွာထားတဲ့ ပုစွန်ဆီပြန်ချက်နဲ့ ချဥ်ရည်ဟင်း။လွမ်းစေသော်က အလိုက်သိတယ်။ဘောင်းဘီအိတ်ထောင်ထဲက ဖုန်းကိုထုတ်လိုက်ပြီး စာတစ်ချို့ရိုက်ပို့လိုက်၏။

(ငါဇက်ကြောတွေတက်တော့မယ်)

မကြာပါ ချက်ချင်းပြန်ပို့လာတဲ့ စာကို ကျွန်တော်ဖတ်ကြည့်မိတော့ ထပ်မံပြုံးမိသွား၏။

(ညကျနှိပ်ပေးမယ်)

ဖုန်းကို ပိတ်ချလိုက်ပြီး အပြင်ကနေ ထပ်မံရောက်ချလာတဲ့ ခြေသံကြောင့် ထမင်းစားမယ်လုပ်နေတဲ့ကျွန်တော် လှည့်ကြည့်မိတော့ တံခါးဝနားမှာရပ်နေတဲ့ သူနာပြုဆရာမလေး။ပြောရမှာ အားနာနေတဲ့ပုံမို့ ကျွန်တော်ဘက်ကစကားစကာ

"ဘာပြောမလို့လဲ ဆရာမ"

"ဟို....ဧည့်သည် ၁ယောက်ကဆရာ့ကိုတွေ့ချင်လို့တဲ့ အဲ့တာ"

"ဪ ဟုတ်ပြီ ကျွန်တော်သွားတွေ့လိုက်မယ်"

ထမင်းချိုင့်ကို အမြန်ပိတ်ကာ သူနာပြုဆရာမလေးနောက်လိုက်သွားရင်း အောက်ရောက်တော့ ကျွန်တော့်ကို စောင့်နေတဲ့ ကိုထိုက်စံကိုတွေ့လိုက်ရသည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now