ကျောင်း၏အစွန်ဆုံးထောင့်တနေရာ၊အမှိုက်ပုံကြီးရဲ့ဘေးတွင်
ဒူးထောက်နေသောစာဂျပိုးပုံစံနဲ့ကောင်လေးတယောက်ရယ်သူ့ရှေ့ခါးထောက်ကာခပ်မဲ့မဲ့ပြုံးနေသောကောင်လေးနစ်ယောက်"ဘယ်မှာလဲ
ငါတို့တောင်းထားတဲ့ဟာ"အဖြူအစိမ်းဝတ်စုံကိုမှ
အောက်ကဘွတ်ဖိနပ်အနက်ရယ်
မာဖလာအဖြူအနက်ရောင်တထည်၊ကုဒ်အနက်ကြီးဝတ်ထားသော 1940 ခေတ်ဖက်ရှင်နဲ့လူမိုက်လေးဟာစကားစပြောလာ၏သူကတော့တခြားမဟုတ်ဒီကျောင်းရဲ့အော်ကြောလန် ကိုးတန်းAအခန်းကပတ်ဂျီမင်းသာ
"မ...မရှိလို့ပါ"
"ဟ...ငါ့ကိုမခန့်တာပဲငါမင်းကိုဒီနေ့ပေးရမယ်လို့ပြောထားတာလေ"
"အိမ်...အိမ်ကမုန့်ဖိုးမပေးး"
"တိတ်စမ်းးးး "
"နေခြည်..."
"ဟင်!!"
သူ့ဘေး လူမိုက်ပုံစံဖမ်းထားသော
သူ့သူငယ်ချင်းကခေါ်တော့ဟိုကအဲ့အသံလေးတောင်လန့်သတဲ့
တချက်ပြူးပြကာပြန်ထိန်းလို့သတိပေးရင်း"အဲ့ကောင်ကိုသမလိုက်တော့""
"အင်း
အသေးလေး
ငါအုပ်ပလိုက်မယ်"မသိရင်ဆရာကြီးအထာနဲ့အင်္ကျီလက်ရှည်အဖြူကိုသေချာခေါက်ရင်းး အနားသို့သွားကာ
ခွပ်ခနဲ ခေါက်ချလိုက်တော့၏
အခုဆိုအမှိုက်ပုံဘေးတခွပ်ခွပ်ခေါက်ခံနေရသောစာဂျပိုးနဲ့
အပီခေါက်နေသောနေခြည်ရယ်
ဒါကိုဆရာကြီးအထာနဲ့ကြောက်ပြီလားမေးနေသောအသေးလေးရယ်အား မြင်ရမည်သာ...==
နေခြည်နဲ့အသေးလေးဆိုတာက
ဒီကျောင်းခြံပေါက်များဖြစ်ကာ
စာလည်းတော်သလိုဆရာမနိုင်အောင်လည်းမျောက်မူးလဲလေးများသာသူငယ်တန်းကနေအခုကိုးတန်းအထိဒီကျောင်းမှာသာတတ်တာမို့တကျောင်းလုံးကဆရာမတွေကသူတို့ကိုသိကာရုံးခန်းခဏခဏရောက်သောနစ်ယောက်သာ....
တစ်ခါတစ်လေ ဂိမ်းဆိုင်သွားဖို့ငွေမလောက်ရင်အခုလိုဇိုးအထာနဲ့ငွေညစ်ကာလူမိုက်တွေလည်းလုပ်တတ်ကြ၏