အပိုင်း။ ၁။ ဇိုး

2.2K 295 179
                                    

ကျောင်း၏အစွန်ဆုံးထောင့်တနေရာ၊အမှိုက်ပုံကြီးရဲ့ဘေးတွင်
ဒူးထောက်နေသောစာဂျပိုးပုံစံနဲ့ကောင်လေးတယောက်ရယ်သူ့ရှေ့ခါးထောက်ကာခပ်မဲ့မဲ့ပြုံးနေသောကောင်လေးနစ်ယောက်

"ဘယ်မှာလဲ
ငါတို့တောင်းထားတဲ့ဟာ"

အဖြူအစိမ်းဝတ်စုံကိုမှ
အောက်ကဘွတ်ဖိနပ်အနက်ရယ်
မာဖလာအဖြူအနက်ရောင်တထည်၊ကုဒ်အနက်ကြီးဝတ်ထားသော 1940 ခေတ်ဖက်ရှင်နဲ့လူမိုက်လေးဟာစကားစပြောလာ၏

သူကတော့တခြားမဟုတ်ဒီကျောင်းရဲ့အော်ကြောလန် ကိုးတန်းAအခန်းကပတ်ဂျီမင်းသာ

"မ...မရှိလို့ပါ"

"ဟ...ငါ့ကိုမခန့်တာပဲငါမင်းကိုဒီနေ့ပေးရမယ်လို့ပြောထားတာလေ"

"အိမ်...အိမ်ကမုန့်ဖိုးမပေးး"

"တိတ်စမ်းးးး "

"နေခြည်..."

"ဟင်!!"

သူ့ဘေး လူမိုက်ပုံစံဖမ်းထားသော
သူ့သူငယ်ချင်းကခေါ်တော့ဟိုကအဲ့အသံလေးတောင်လန့်သတဲ့
တချက်ပြူးပြကာပြန်ထိန်းလို့သတိပေးရင်း

"အဲ့ကောင်ကိုသမလိုက်တော့""

"အင်း
အသေးလေး
ငါအုပ်ပလိုက်မယ်"

မသိရင်ဆရာကြီးအထာနဲ့အင်္ကျီလက်ရှည်အဖြူကိုသေချာခေါက်ရင်းး အနားသို့သွားကာ

ခွပ်ခနဲ ခေါက်ချလိုက်တော့၏

အခုဆိုအမှိုက်ပုံဘေးတခွပ်ခွပ်ခေါက်ခံနေရသောစာဂျပိုးနဲ့
အပီခေါက်နေသောနေခြည်ရယ်
ဒါကိုဆရာကြီးအထာနဲ့ကြောက်ပြီလားမေးနေသောအသေးလေးရယ်အား မြင်ရမည်သာ...

==

နေခြည်နဲ့အသေးလေးဆိုတာက
ဒီကျောင်းခြံပေါက်များဖြစ်ကာ
စာလည်းတော်သလိုဆရာမနိုင်အောင်လည်းမျောက်မူးလဲလေးများသာ

သူငယ်တန်းကနေအခုကိုးတန်းအထိဒီကျောင်းမှာသာတတ်တာမို့တကျောင်းလုံးကဆရာမတွေကသူတို့ကိုသိကာရုံးခန်းခဏခဏရောက်သောနစ်ယောက်သာ....

တစ်ခါတစ်လေ ဂိမ်းဆိုင်သွားဖို့ငွေမလောက်ရင်အခုလိုဇိုးအထာနဲ့ငွေညစ်ကာလူမိုက်တွေလည်းလုပ်တတ်ကြ၏

ဇိုးတို့ပျော်စံရာWhere stories live. Discover now