𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐉𝐨𝐨𝐧 🎂💐

575 86 81
                                    

𝙹𝚒𝚗'𝚜 𝙱𝚊𝚔𝚎𝚛𝚢 👨‍🍳

နမ်ဂျွန်း တစ်ပတ်တစ်ခါ ပေါင်မုန့်လာ၀ယ်နေကျဆိုင်လေး..

ချလွင်း ချလွင်း !!

ဆိုင်တံခါးကို အသာတွန်းဖွင့်လိုက်တော့ ဆိုင်တံခါး၀မှာ တပ်ထားတဲ့ ခေါင်းလောင်းလေးရဲ့မြည်သံကြောင့် ကောင်တာမှ လှမ်းနှုတ်ဆက်သံ..

"မင်္ဂလာပါ...ကြိုဆိုပါတယ်ခင်ဗျ"

ကြားဖူးနေကျ ကောင်လေးတွေအသံ မဟုတ်တဲ့အပြင် ချိုချို အီအီ ချွဲချွဲလေးမို့ ကောင်တာကို နမ်ဂျွန်းတချက်လှမ်းကြည့်မိတော့ သူ့ကိုကြည့်ပီး တောင့်တောင့်လေး ရပ်နေတဲ့ ကောင်လေးတစ်ယောက်..

အမြဲမြင်ဖူးနေကျ ဒီဆိုင်ရဲ့ ၀န်ထမ်း၀တ်စုံလေးနဲ့ ခေါင်းဆောင်းလေးက သူ၀တ်ထားမှ ပိုချစ်စရာကောင်းနေသလို..

ခပ်လှမ်းလှမ်းကနေ မြင်တာတောင် ဖွေးဥနေတဲ့ အသားအရည်လေးက..

နေပါဦး... သူ့ကိုယ်ပေါ် ဂျုံမှုန့်တွေ ကပ်နေလို့များ အဲ့လောက် ဖွေးဆွတ်နေတာလား.. မသိရင် ဂျုံလုံးလေးကျနေတာပဲ..

စက္ကန့်ပိုင်းအတွင်း အတွေးတွေများသွားသော သူ့ကိုသူရယ်ချင်မိကာ ခါတိုင်းယူနေကျ ပေါင်မုန့်များထားရာ စင်ဖက်သို့ လျှောက်သွားရင်း tray တစ်ချပ်ယူပီး သူလိုချင်သည့် ပေါင်မုန့်များကို ရွေးနေမိသည်..

ထို့နောက် ငွေရှင်းရန် ကောင်တာသို့သွားကာ trayကို ချပေးလိုက်ရင်း..

"ဒီနေ့ Egg tart မရှိဘူးနော်.. အဲ့ဒါလေးစားချင်တာ"

ကောင်တာမှ ကောင်လေးကိုကြည့်ရင်း နမ်ဂျွန်း ရင်းရင်းနှီးနှီးပြောဖြစ်သည်..

ကင်မ်နမ်ဂျွန်း သူကိုယ်တိုင်ကလဲ ပေါင်မုန့်ဆိုင်ပိုင်ရှင်မို့ သူ့၀န်ထမ်းများကို ရင်းရင်းနှီးနှီးပြောလေ့ရှိသည်..

"ဟူး.."

အနီးကပ်မြင်တော့မှ ဖူးကြွနေသည့်နှုတ်ခမ်းလေးက စတော်ဘယ်ရီသီးလေးသဖွယ် လတ်ဆတ်လိုက်မဲ့ဖြစ်ခြင်း ..

သို့ရာတွင် အရွယ်လေးနဲ့မလိုက်အောင် သက်ပြင်းရှည်ကြီးချပီး..

CRUSH [one-shot/namjin] ✅Where stories live. Discover now