Part-30

2K 194 11
                                    

(Unicode)

"ယောင်း!ယောင်း!"

အိပ်ယာထက် လူးလိမ့်ကာ ထယ်ယောင်းနာမည်သာတရင် ဂျောင်ဂု အော်နေခဲ့သည်။ချွေးတွေနစ်‌နေ
တဲ့ ကိုယ်ခန္ဓာလေးသည် အိမ်မက်ဆိုးတစ်ခုမှ လွတ်မြောက်ဖို့အတွက်ကြိုးပမ်းနေပုံပင်။

"ယောင်း"

ထိုတစ်ခါတော့ သူအိပ်နေရာမှ တဟုတ်ချင်း ထထိုင်သည်။အမြန်ပင်
‌အိပ်ယာ၏ ဝဲဘက်ကိုကြည့်တော့
ယောင်းကရှိမနေခဲ့။လက်လေးကလည်း အလိုအလျောက်စမ်းမိရင်းပေါ့။

"ဂျွန်ထယ်ယောင်း!"

ဘေးတွင် မျှော်လင့်နေသူဟယရှိမနေ‌တော့စိတ်လွှတ်နေတဲ့လူတစ်ယောက်ပမာဖြစ်သွားရသည့်အလား။ ချက်ချင်းထကာ ရှာမိသည်။ နှုတ်က‌နေလည်း ယောင်း ဆိုသည်က အဆက်မပြတ်တနေလေသည်။

အိပ်ခန်းအပြင်ထွက်ရှာမိလေတော့ဧည့်ခန်းထဲလည်းမရှိ။

"ယောင်း!ယောင်း!ယောင်း!မောင့်ရဲ့ယောင်း!!!"

ဧည့်ခန်း၏ အလည် ကြမ်းပြင်ပေါ် ထိုင်လျက်လေးဖြစ်သွားသည်။

အိပ်မက်ထဲက ယောင်းပုံစံကသိပ်ကိုခြောက်ခြားစရာကောင်းနေသည်။သွေးတွေအပြည့်နဲ့ကြမ်းပြင်။သွေးအိုင်ထဲက လူတွေ။
နောက်ထပ် ကျောချမ်းဖွယ်ရယ်သံက သူ့ရဲ့အိမ်သူလေးထံက။

အိမ်မက်ကိုတွေးမိတော့ မူးနောက်လာသလိုပင်။ ကျောချမ်းဖွယ်ရာရယ်သံဟာလည်း နားထဲ ပြန်ကြားယောင်လာစဲ။

လက်နှစ်ဖက်ဖြင့် နားကိုပိတ်လိုက်ကာ။

"ယောင်း!မောင့်စီလာပါအုံး!ယောင်း!"

ကျယ်လောင်စွာထပ်ကာခေါ်တော့ သူ့အနားအပြေးရောက်လာတဲ့ထယ်ယောင်း။ ရေချိုးခန်းထဲကနေ အမြန်ပြေးထွက်လာတာကြောင့် ခါးပေါ်တွင်သပတ်တစ်ထည်သာ ပတ်ထားလျက်ရှိနေသည့်ထယ်ယောင်း။ ဂျောင်ဂု ရဲ့ပုံစံကိုတွေ့တော့ သူဒူးထောင်ထိုင်ကာ ပခုံးကိုထိလိုက်သည်။

"မောင်"

ခေါ်လိုက်တော့ထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ဆုံမိသည်။

မျက်ရည်စတွေအပြည့်နဲ့မျက်ဝန်းအိမ်လေးဟာ ပြိုကျတော့မည့်အလား တုန်လှုပ်နေသည်။
နှုတ်ခမ်းပါးလေးထံကလည်း 'ယောင်း' ဆိုတဲ့နာမ်လေး။

Pretty Lies(Completed)Where stories live. Discover now