Part-1

6.5K 326 20
                                    

(Unicode)

"တောင်းပန်ပါတယ် ခင်ဗျာ။ဦးလေးတို့ကို အချိန်လေးထပ်ပေးပါ။ မနက်ဖြန်ဆိုတာက တကယ်ကို အဆင်မပြေလို့ပါ။လူလေးရယ် ဦးလေးတို့အခြေအနေလည်း သိရဲ့နဲ့ကွာ။အချိန်လေးထပ်ပေးပါ"

" အချိန်? ဘယ်လောက်ထိ အချိန်တွေ ထပ်ပေးရမလဲ ဂျွန်ဂျောင်မင်။ငွေကိုယူတုန်းက ပြီးတော့ ပြန်ပေးခါနီးကျ အချိန်တွေရွေ့နေတာ သိပ်တော့မဟုတ်သေးဘူးနော်"

" တစ်ပတ်လောက်ပါပဲ။ဦးလေးတို့ တကယ်ကို ကတိမဖြတ်တော့ပါဘူး"

" ကောင်းပြီ။အချိန်တော့ထပ်ပေးလိုက်မယ်။ဒါပေမဲ့ တစ်ပတ်တော့မဟုတ်ဘူးနှစ်ရက်ပဲ။အဲ့နှစ်ရက်အတွင်းမှာ ဂျွန်ဂျောင်မင် ဘက်ကကျနော့် ကိုပေးရမဲ့ ငွေတွေအကုန်ပြန်မရဘူးဆိုရင် တရားဥပဒေနည်းနဲ့ပဲ ဆက်သွားကြတာပေါ့ "

အချိန် နှစ်ရက်ပဲပေးတော့မည်ဆိုတော့ ဂျွန်ဂျောင်မင်ကမျက်နှာသိပ်မကောင်းတော့ချေ။နှစ်ရက်အတွင်းနဲ့ ဝမ်နှစ်သန်း ရှာဖို့ဆိုတာက ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အနေအထားတစ်ခုပင်။သို့ပေမဲ့လည်း မလွဲသာမရှောင်သာ အနေအထားဖြစ်နေတာကြောင့် ဂျွန်ဂျောင်မင် ခေါင်းသာငြိမ့်မိတော့သည်။

" ဘယ်လိုလဲ။နှစ်ရက်က အဆင်ပြေတယ်မလား။ကျနော်
က စိတ်မြန်တတ်တဲ့သူဆိုတာ ခင်များလည်း သိမှာပါ "

" ပြေ..ပြေပါတယ် လူလေး။ဦးလေး ဝမ်နှစ်သန်းရအောင်ရှာခဲ့ပေးပါ့မယ်"

" ကောင်းပြီ။ဒါဆိုလည်း ကျနော့်
ရုံးခန်းကနေ ထွက်သွားပေးနိုင်မလား။အလုပ်တွေရှိသေးတယ်။ အချိန်တွေလင့်နေတာမျိုး ကျနော် က မကြိုက်ဘူး "

စားပွဲပေါ် မှ လက်ပ်တော့ကို ကောက်ဖွင့်လိုက်သည်။မျက်နှာချင်းဆိုင် ထိုင်နေသည့် ဂျွန်ဂျောင်မင်ကို သူဂရုပင်မစိုက်တော့ချေ။

"ကောင်းပါပြီ လူလေး။ဦးလေးကို ခွင့်ပြုပါဦး"

အသိအမှတ်ပြုရုံသာ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ မျက်နှာကိုတော့ မကြည့်ခဲ့။အရေးမပါတဲ့ သူတွေဆို အေးတိအေးစက်ဆက်ဆံတတ်သည်က သူ့ရဲ့အကျင့်တစ်ခုပင်။

Pretty Lies(Completed)حيث تعيش القصص. اكتشف الآن