_____________________
''အဲ့တော့ မင်းနဲ့ငါကရည်းစားလုဖက်ပေါ့လေ''
''အင်း''
''မထင်ရဘူး မင်းနဲ့ငါနဲ့တစ်ကုတင်ထဲအိပ်နေရတော့ ''
''ကျွန်တော်လည်း ခင်ဗျာ့သတိရလာတာကိုမယုံနိုင်သေးဘူး အဲ့တာကြောင့်အိပ်တော့ ကျွန်တော်လည်းအိပ်တော့မယ်ပင်ပန်းလို့''
''အော် အင်း''
မက်သရူးမျက်လုံးတွေကိုပိတ်လိုက်ပြီးနောက်ခဏငြိမ်နေလိုက်သည်။ပြီးမှတစ်ချက်ပြန်ဖွင့်လို့ဘေးကလူအားကြည့်လိုက်သည်။တော်တော်လေးကြည့်ကောင်းတဲ့ရုပ်ရည်မို့မက်သရူးအတော်ကြာတဲ့ထိအကြည့်မလွှဲဖြစ်ခဲ့ဘူး။
''ပြောစရာရှိလို့လား''
''ဟင့်အင်း မရှိပါဘူး ဒီတိုင်း...''
''ပြောစရာမရှိရင်လည်း လာစိုက်ကြည့်မနေနဲ့ နေရခက်တယ်''
''အော် အင်းပါ''
မက်သရူးရဲ့ခေါင်းထဲဒီလိုအခြေအနေမျိုးကြုံဖူးတယ်ထင်ပါရဲ့။ရုတ်တရက်ကြီးမကြည့်ဖို့လာပြောတဲ့ကောင်လေးရဲ့စကားမှာမက်သရူးရဲ့နှလုံးသားကတဒုန်းဒုန်းနဲ့ကိုခုန်နေခဲ့တာလေ။ကြည့်ရတာတော့အဆိပ်ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့နှလုံးရောဂါရသွားတာလားမသိဘူး။မနက်မှသေချာစစ်ဆေးကြည့်ခိုင်းရမယ်လို့တွေးရင်းအိပ်ဖို့ပြင်လိုက်သည်။သူတို့ဇာတ်ကြောင်းကဘယ်လောက်ရှုပ်လဲဆိုရင်နေ့လည်ထဲကပြောတာညတောင်ရောက်သွားပြီလေ။
......
''အွန်း ရှီဂျွန်းလေး အဆင်ပြေရဲ့လား''
''အဆင်ပြေပါတယ်''
''ဒါနဲ့အချစ်ကလေးရော''
သူ့အကိုပတ်ဆောန်းဟွာကမေးလာပါလျှင်ဝူရှီဂျွန်းတို့ကအော်တိုမျက်နှာကိုမဲ့လိုက်ပြီးသား။အဲ့သစ္စာမရှိတဲ့သားအကြောင်းကိုမပြောချင်ပါဘူးဆို။
''လင်နောက်လိုက်သွားပြီ''
''ဘယ်လို!!"
Video callပြောနေတာမို့နောက်ကရောက်လာတဲ့ဟုန်ဂျွန်းဟျောင်းကိုတွေ့လိုက်ရသည်။ရှီဂျွန်းအပြောကိုကြားသွားတဲ့ဟျောင်းကရယ်ကျဲကျဲနဲ့ဝင်မေးလာသည်။
KAMU SEDANG MEMBACA
✨If Only✨
Fiksi Penggemarအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
Extra(About Mattvin)
Mulai dari awal
