''ဆရာ!!''
''ဘာလဲ ယွန်းအာ''
''လူနာ သတိရလာတယ်''
''ဟင်!''
ဂယူဗင်းCTရလဒ်ကြည့်နေတုန်းသူနာပြုမလေးရဲ့အသံကြောင့်ကြည့်လိုက်တော့သူ့ကို့ကြည့်နေတာနဲ့တိုးသည်။မဟုတ်ဘူး သတိခဏလေးလည်လာပြီးပြန်ပြီးသတိလစ်သွားတာဘဲ။သူမြင်လိုက်ရတဲ့မှိန်ဖျော့ဖျော့မျက်ဝန်းလေးများကြောင့်ဂယူဗင်းရအောင်ကယ်ဖို့ဆုံးဖြတ်လိုက်သည်။
______________
''စိတ်မကောင်းပါဘူး ဆေးရုံကိုရောက်ထဲကအခြေအနေဆိုးနေတာမလို့ လူနာကိုမကယ်လိုက်နိုင်ပါဘူး ''
မိသားစုဝင်တွေစိတ်ထိခိုက်ပြီးငိုကြွေးနေကြတာကိုသူသိပေမဲ့ဂရုစိုက်မိဘူး။အခုချိန်သူစိတ်ထဲမှာဒီလူကိုကယ်ဖို့ကသာအရေးကြီးနေသည်မို့။သူ့ဦးလေး(သူ့အဖေရင်း)ရဲ့အကူအညီနဲ့အလောင်းချင်းလဲလိုက်နိုင်ပေမဲ့အရိုးပြာကိုတော့သူ့ပိုင်ရှင်ဆီကိုဂယူဗင်းပြန်ပေးလိုက်သည်။အဲ့တာကြောင့်ဆော့မက်သရူးရဲ့အရိုးပြာအိုးထဲမှာအလွတ်ဖြစ်နေသည်။
''ယုံရတယ်မလား ဦးလေး''
''အင်း သူတို့နှစ်ယောက်ကိုသာတစ်နေရာစီခွဲမထားသရွေ့အဆင်ပြေတယ်''
သူ့ဦးလေးစကားကြောင့်ဂယူဗင်း ဆော့မက်သရူးကိုကြည့်ပေးဖို့ဌားထားတဲ့ဆရာဝန်နှစ်ယောက်ကိုကြည့်လိုက်သည်။အတွဲတွေထင်ပါရဲ့။နည်းနည်းအကောင်ထွားတဲ့ကောင်လေးကနည်းနည်းသေးနေတဲ့ဆရာဝန်လေးကိုပေါင်ပေါ်ပွေ့တင်မတက်ပူးကပ်ကာဆွဲထားတာမို့။
''Appa ကျေးဇူးဘဲ''
''မလိုပါဘူး ဗင်းရယ် ဒါလုပ်ပေးသင့်တာဘဲလေ''
''ဟုတ်''
ဆရာဝန်နှစ်ယောက်ကသူ့ထက်အသက်ကြီးတာမို့သူ့မှာဘယ်လိုပြောဆိုဆက်ဆံရမှန်းမသိ။သူကယဥ်ကျေးလိမ္မာနေတဲ့အမျိုးအစားထဲကမဟုတ်ဘူးလေ။တစ်လလောက်ဆော့မက်သရူးနဲ့အချိန်ဖြုန်းပြီးနောက်မှာကိုရီးယားကိုဂယူဗင်းပြန်လာရသည်။ထိုလူက ကနေဒါသားမလို့သာကနေဒါကိုပို့ပေးထားရတာ။အဲ့နေရာရဲ့ရာသီဥတုကသေမတတ်အေးတာလေ။အဲ့တာကြောင့်ဟျောင်းနှစ်ယောက်ကိုဆော့မက်သရူးအားနွေးနွေးထွေးထွေးထားပေးဖို့မှာရင်းသူကနေဒါကိုမရောက်ဖြစ်တော့။
YOU ARE READING
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
Extra(About Mattvin)
Start from the beginning
