Extra(About Mattvin)

Mulai dari awal
                                        

''ဟမ်!''

Rapရွတ်နေသလားမှတ်ရတဲ့ကင်မ်ဂယူဗင်းရဲ့စကားနောက်မက်သရူးခေါင်းကလေးကချာချာလည်သွားတော့သည်။ဘာတွေပြောနေတာလဲ?သူ့ခေါင်းထဲမှတ်မိနေတဲ့တစ်ခုတည်းသောအရာကOutcast ဘာကိုဆိုလိုချင်တာလဲ။

''မင်းပြောတာတွေငါနားမလည်ဘူး ငါသိတာဆိုလို့ကင်မ်ဂယူဗင်းဆိုတဲ့မင်းနာမည်တစ်ခုဘဲ ငါ့နာမည်တောင်ငါမှတ်မိတာမဟုတ်ဘူး''

''တကယ်ကြီးလား ခင်ဗျား! !''

''မအော်ပါနဲ့ ငါတကယ်ပြောတာ''

''အဲ့တာဆိုလည်းဇာတ်လမ်းကရှည်တယ်ပြောရမှာ ခင်ဗျားဟိုဘက်တိုး လေယာဥ်စီးလာရတာညောင်းတယ်''

မက်သရူးကုတင်ထောင့်လေးကိုကပ်ပေးလိုက်တော့ထိုကောင်လေးကသူ့ဘေးမှာဝင်လှဲလာသည်။ဘယ်လိုတောင်ရဲတင်းတာလား။စောနကပြောစကားများအရမက်သရူးနဲ့ကင်မ်ဂယူဗင်းကနည်းနည်းမှမသက်ဆိုင်ဘူးဘဲမလား။ဘာလို့သူနဲ့အတူလာလှဲနေပါလိမ့်။

_________________

3years ago;

ဒီနေ့ဟာပုံမှန်လည်ပတ်နေကြလိုဘဲဂယူဗင်းတို့ဆေးရုံတွင်ညဆိုင်းဆင်းနေရတော့သည်။လူနာနည်းနေတာမို့ဂယူဘင်းခဏအိပ်ဖို့ပြင်လိုက်သည်။မျက်လုံးမှိတ်ရုံရှိသေး သူ့ဖုန်းထဲဝင်လာပါတဲ့မက်ဆေ့ကြောင့်အရေးပေါ်ကုသဆောင်ကိုအသော့နှင်ရတော့သည်။

''လူနာကအဆိပ်သောက်လိုက်တာတဲ့ ''

''အခြေအနေသိပ်မကောင်းဘူး''

''သွေးခုန်နှုန်းစမ်းမရတော့ဘူး ''

သူနာပြုဆရာမတွေဝန်းရံရင်းတစ်ယောက်တစ်ပေါက်အော်နေတဲ့ကြားထဲဂယူဗင်းဝင်ရပ်လိုက်သည်။လူနာကိုသေချာကြည့်မှဆော့မက်သရူးဖြစ်နေသည်။ချွမ် အစီအစဥ်ကိုဒီညအကောင်အထည်ဖော်မှာဆိုတာကိုသိပေမဲ့သူ့ဆေးရုံကိုဆော့မက်သရူးရောက်လာမယ်တော့မထင်ခဲ့ဘူး။တကယ်ဆိုဂွန်းဝုနားကနေတစ်ဆင့်ဂယူဗင်း ချွမ့်ကိုပေးခဲ့တာမို့သူသည်လည်းကြံရာပါဖြစ်သည်။တုန်နေတဲ့လက်ကိုဆရာမလေးတွေမမြင်အောင်ကွယ်ရင်းလုပ်စရာရှိတာလုပ်ပေးရတော့သည်။ဒါပေမဲ့တစ်ဖက်ကလည်းချွမ်စိတ်ချမ်းသာအောင်သတ်ပေးလိုက်ရမလားလို့တွေးနေမိသေးသည်။

✨If Only✨Tempat cerita menjadi hidup. Temukan sekarang