''လာပြီလား''
''အင်း''
အခန်းအပြင်ကနေအတိုင်းသားကြားလိုက်ရတဲ့အသံကငါးရက်လောက်သူစောင့်နေခဲ့တဲ့လူများလား။အခန်းတံခါးဖွင့်တာကအစတစ်ခြားလူများနဲ့မတူ သိပ်ကိုသိမ်မွေ့လွန်းသည်။ထိုလူမရောက်လာခင်ကဒီနေရာမှာသူနဲ့ ပတ်ဆောန်းဟွာအမည်ရှိဒေါက်တာနဲ့ကင်မ်ဟုန်ဂျွန်းဟူသောဒေါက်တာသုံးယောက်သာရှိသည်။ထိုလူကိုမြင်လိုက်တဲ့တစ်ခဏမက်သရူးပါးစပ်ကနေအလိုအလျောက်ထွက်သွားတဲ့အမည်နာမတစ်ခု။
''ဂယူဗင်း ကင်မ်ဂယူဗင်း''
ထိုသူကပြုံးသည်။ဒါဆိုရင်တော့သေချာလောက်တယ်။မက်သရူးအထင်ဂယူဗင်းဟာသူချစ်ရတဲ့လူဘဲဖြစ်ရမယ်။ကိုယ့်နာမည်လည်းကိုယ်မမှတ်မိတဲ့အခြေအနေမှာမျက်နှာပင်မမှတ်မိဘဲနာမည်တစ်ခုတည်းသူမှတ်မိနေတာလေ။ပြေးဆင်းသွားလိုက်ချင်ပေမဲ့သူ့ခြေထောက်တွေလေ့ကျင့်ခန်းသေအောင်ပြန်လုပ်မှရမှာဖြစ်သည်။
''တော်သေးတာပေါ့ ခင်ဗျာသတိမရလာရင် မီးသဂြိုလ်တော့မလို့''
''ဟေ့ကောင်ဂယူဗင်း''
နောက်ကနေလှမ်းထောက်တဲ့ဆရာဝန်ဟုန်ဂျွန်းကိုဂယူဗင်းကအပြုံးတစ်ချက်နဲ့ဘဲ ပြန်ဖြေသည်။
''စကားမပြောနိုင်ဘူးဆို ခင်ဗျာ''
''ပြောနိုင်ပါတယ် သူတို့ကမမေးလို့လေ''
Seongjoong couple be like: ←_←
''ငါတို့ကရပ်နေရမှာလား ထွက်ပေးရမှာလား''
''ထွက်ပေးရင် ကောင်းပါတယ် ''
''ပြီးရော''
ထိုဆရာဝန်အတွဲထွက်သွားမှဂယူဘင်းကသူ့ဘေးနားလာထိုင်သည်။အမှန်ဆိုအခုမှတွေ့ဖူးတဲ့လူတစ်ယောက်ကိုမက်သရူးကြောက်သင့်ပေမဲ့သူ့စိတ်ကမကြောက်နေဘူး။ဒီတိုင်းထွေးပွေ့ထားပေးချင်သည်။ဝမ်းနည်းနေတဲ့ပုံဘဲ။အဲ့တာကလည်းမက်သရူးနဲ့မပတ်သတ်ဘူးထင်ပါရဲ့။အတွေးလေးတွေယောက်ယက်ခတ်သွားတဲ့မက်သရူးကမျက်နှာကိုတောင်မဲ့ပစ်လိုက်မိသည်။
''ဒါဆိုကျွန်တော့်ကိုတောင်မှတ်မိတယ်ဆိုတော့ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး ခင်ဗျာ့ကိုကယ်ထားတာကျွန်တော်ဘဲ ချွမ်ကတော့ကင်မ်ဂျီဝွန်းနဲ့အဆင်ပြေသွားပြီ အဲ့တော့ခင်ဗျာ့နဲ့ကျွန်တော်ကအခုသူတို့ဇာတ်လမ်းရဲ့outcastဘဲ OK?''
YOU ARE READING
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
Extra(About Mattvin)
Start from the beginning
