Part(6)

1 1 0
                                    

ပုံမှန်နေ့များအတိုင်း ရှမ်းပြည်နယ်ရဲ့ မြို့လေးတစ်မြို့ကတော့ စည်ကားမြဲ။လူတိုင်းသည်လည်း သက်ဆိုင်ရာ အလုပ်ခွင်ဝင်ရန်ပြင်ဆင်နေကြ၏။

ညသိမ့်မိုးများ ရွာသွန်းထားသောကြောင့် သစ်ရွက်များပေါ်တွင် မိုးစက်များကတွဲခိုနေကြစဲ ပင်ဖြစ်၏။

မြေရနံ့သင်းသင်းကလည်း ပတ်ဝန်းကျင်ကို ရစ်တိုင်းနေ၏။

အနာဂတ် မြေနီကုန်းလမ်းမှ မပြင်ရသေးသော စက်ဘီးကိုစီးကာ လှိမ့်ဆင်းလာ၏။မနေ့ညက ရွာထားသောမိုးကြောင့် မြေနီလမ်းက စိုအိနေကာ စီးနေသောစက်ဘီး၏ ဘီးလုံးမှာလည်း နစ်ဝင်သွားသည်မှာ ခဏခဏပင်။

''ရားးးးးဘီးလုံးကလည်း နစ်ပဲနစ်နေတာပဲ၊ အီးး...အားးး..လားး..လားး...ဒီတစ်ခေါက်နစ်နေတာ တော်တော်နက်တာပဲ။''

ကျောင်းချိန်နီး၍ မနေ့ကလိုမဖြစ်ချင်ပါသော်လည်း စက်ဘီးကို ပြန်ထုတ်၍မရသောကြောင့် အနာဂတ် ခေါင်းမီးတောက်နေ၏။

''ဟာ....ဂတ်ဂတ်၊ စက်ဘီးကိုအလှထိုင်ကြည့်နေတာလား''

အနာဂတ်ကို ဂတ်ဂတ်ဟုခေါ်သော သူမှာအခြားသူမဟုတ်နိုင်၊အနာဂတ်၏ ငယ်သူငယ်ချင်းရဲဇော်ပင်။

မိမိအား ခေါ်နေသူကို ဘုကြည့်ကြည့်လိုက်ရင်း အနာဂတ်အတွေး တစ်ခုဝင်သွား၏။

''ဂျစ်တူး... လာ...လာ......လာ.....၊ ဒီကိုလာကြည့်။''

''????''

''ဒီမှာ ၊ ငါပြောမယ် ငါကစက်ဘီးကို အလှကြည့်ချင်လို့ ကြည့်တယ်များထင်နေလား။ငါကြည့်တာ အကြောင်းရှိတယ်။မင်းဒီ စက်ဘီးကိုသေသေချာချာ ကြည့်ကြည့်။''

''??.....??''

''ဘာတွေ့လဲ?''

''ဘာမှမတွေ့ဘူး''

''ဟာာ......မင်းကလည်းကွာ ၊ သေချာကြည့်ကြည့် တစ်ခုခုရှိတယ်။''

''အနာဂတ် မင်းငါကိုမနောက်နဲ့ တော့ ကျောင်းချိန်နီးပြီ ငါသွားတော့မယ်။''

''နေ..နေ..နေဦး ၊ ရဲဇော်ငါ့ကိုလည်း ခေါ်တင်သွားပါလားနော်။''

''ခေါ်တင်စေချင်ရင်...မင်းငါ့ကို အိမ့်လွန်းသွယ်နဲ့ အောင်သွယ်ပေးလေ။''

Trapped in friendzoneDonde viven las historias. Descúbrelo ahora