Part(5)

1 0 0
                                    

ကျွန်တော်လေထဲကို ဝှေ့...ကနဲမြောက်တတ်သွားတာ....ကြည့်ကြည့်လိုက်မှ ကျောင်းသားသစ်ဖြစ်နေတယ်၊ ကျွန်တော့်ကို ဘာဖြစ်တာလဲမမေး ၊ အဆင်ပြေရဲ့လား မေမး စက်ဘီးပေါ်တင်ပြီး ဒုန်းဆိုင်းနင်းပါလေရော...

တကယ် ခန့်မှန်းရခက်တဲ့ လူပါလား......

🚲🚲🚲🚲🚲🚲🚲🚲🚲🚲

ဟူး.....တော်ပါသေးရဲ့ ဟိုရစ်စိန်မ မလိုက်လာတော့လို့...

''ဒွေးရောင်ဖြာ ကူညီပေးလို့ကျေးဇူးပါ။"

''.............''

''အမ်....ဟိုလေ ...ဒွေးလို့ပဲခေါ်လို့ ရမလား...''

''..................''

''ဝေ့....စကားလေးလည်း ပြန်ပြောအုံး''

ဒီလူတစ်ယောက်ဟာလေ....ဝစီပိတ်ကျင့်နေသလားမသိ ငါ့မှာတစ်ယောက်တည်းစကားပြောနေရတာ....၊တော်ပြီ!။

ဟမ်...နေပါဦး၊ သူကငါ့အိမ်ကို သိလို့ပြန်လိုက်ပို့ပေးနေတာလား ...အိမ်ပြန်တဲ့လမ်းတော့ မှန်နေတာပဲ....

''ဒွေး...မင်းငါ့အိမ်ကို သိလို့လား။''

''...........''

''ဟိတ်!ဟိတ်! အဲ့လမ်းမဟုတ်ဘူး...လမ်းမှားနေတယ်...''

သွားနေတုန်းက အကောင်း ၊မေးလိုက်မှ လမ်းမှားထဲ တည့်တည့်ကို ကွေ့ဝင်သွားတာ။တော်ရုံတန်ရုံဆိုမပြောပါဘူး ၊ ဝင်သွားတဲ့လမ်းက လှေကားထစ်တွေနဲ့ ၊စီးလာတဲ့ ဘရိတ်မမိတဲ့ စက်ဘီးနဲ့တော့ အံကိုက် ၊ချော်လဲထားတာနဲ့ ကွတ်တိ၊

ကျွန်တော့်အတွက် ဒီနေ့ကပြဿဒါး လို့ အကျယ်ကြီးအော်လိုက်ချင်တော့တယ်...

''ရောက်ပြီ....ရောက်ပြီ...ဒီ...အိမ်ပဲ😵😵😵''

ဘယ်လမ်းကနေ ဘယ်လိုတွေစီးခဲ့လဲ မသိ ၊ဒီ ၁၀ မိနစ်ခရီးကို ၄၅မိနစ်ကြာအောင်သွား တာသူပဲရှိတယ် ၊အိမ်ကို မသိရင်လည်း မသိဘူးမပြော။

''ကျေ....ဇူး...ပါ😵😵''

''အင်း...ရတယ်''

လေသံက ခက်ပြက်ပြက်လည်းမဟုတ်သလို ဘောက်ဆက်ဆက်လည်းမဟုတ်။ပျော့ပျောင်းတဲ့ အသံနဲ့ဘယ်လောက်တောင် နားဝင်ချိုလိုက်သလဲ။

Trapped in friendzoneDove le storie prendono vita. Scoprilo ora