မကြိုက်သင့်သောတီချယ်🫀 P-9

Comenzar desde el principio
                                    

"နွေး နေကောင်းပြီလား ငါကလွမ်းနေတာ"
တကယ်ကို ချွဲနွဲ့‌ကာပြောပြီးပြေးဖက်လိုက်တာသူနွေးရဲ့သူငယ်ချင်းလေး သံစဉ်။

"သံစဉ်ရယ် ဖက်ထားတာလေး လွှတ်ပါအုံး ကိုယ်အသက်ရှုကျပ်နေပြီ"

"ဆောရီး...ဆောရီး"

"သဲလေး ‌လွမ်းနေလိုက်ရတာကွာ"

"ပျိုက ကိုယ်ကိုလွမ်းတာဟုတ်ရဲ့လား"

"ဘာလဲ သဲလေးက မယုံဘူးလား"

"ယုံပါတယ်ရှင့်"

"ယုံတဲ့ရုပ်ကလည်းနော် အော် ဒါနဲ့ နင်ကို သတင်းကောင်းပြောစရာရှိတယ်"

"ဘာလဲ"

"သူ သတင်းကောင်းပြောပြီရင် ငါသတင်းဆိုးပြောမယ်"

"နှစ်ကောင်သားမရိုးသားဘူးနော်"

"ဟဲဟဲ"

"ကဲ သတင်းကောင်းကဘာလဲဆိုတော့ ကျောင်းကို ဒီနေ့ ရုပ်ကလည်း‌ချောအရပ်အမောင်းကောင်းပြီ ချမ်းသာတဲ့ ceo‌တစ်ယောက်ကိုတွေ့လိုက်တယ် သူကကိုယ်တို့ကျောင်းကို အလှူလာလုပ်တာတဲ့  "

"ဟဲ့ အဲဒါ သတင်းကောင်းလား"

"ဒါပေါ့ သတင်းကောင်း"

"ဟုတ်ပါပြီ ကဲ ဆိုစမ်းပါအုံး သတင်းဆိုး"

"သတင်းဆိုးကတော့ အဲceoက ငါတို့အတန်းပိုင်နဲ့ စေ့စပ်ထားတာတဲ့ အတန်းပိုင်ချောချောလေးတော့ပါသွားပြီ"

နွေးတစ်ယောက် နားမလည်နိုင်ဖြစ်နေပြီ "တီချယ်မှာ လက်ထပ်ရမယ်သူရှိတာလား... တီချယ်ကဘာလို့ မပြောပြတာလဲ...တီချယ်နဲ့သူနဲ့က တကယ်ချစ်ကြိုက်နေကြတာလား"အစရှိသဖြင့်တွေးက ခြေမခိုင်တော့ပဲထိုင်လျက်သားလဲကျသွားကာ ငိုနေမိတော့သည်။ ပျိုနဲ့ သံစဉ်ကတော့ လန့်သွားပြီ နွေးကိုဆွဲထူဖို့လုပ်ပေမဲ့ နွေးက ဆွဲထူဖို့လက်မခံလို့အခက်တွေ့နေကြရသည်။

"နွေး ဘာဖြစ်တာလဲ"

"အဆင်ပြေရဲ့လား လာပါ ထတော့"

ဘယ်လို့ပြောပြောမထတဲ့နွေးကြောင့် သံစဉ်တို့လည်းရူးချင်နေကြပြီ နောက်ဆုံးမှာ နွေးဘာသာထပြီ အနီးအနားရှိ ထိုင်ခုံတစ်ခုအနား၀င်ထိုင်လိုက်သည်။

မကြိုက်သင့်သောတီချယ်🫀Donde viven las historias. Descúbrelo ahora