"အိပ်ရေးမဝဘူးလား"

"မနက်ခင်းကို အရက်ပါတဲ့အရာနဲ့စတင်တယ်ဆိုတော့ စိတ်မကြည်
ပုံပဲ"

"ဒီတိုင်းပါပဲ။စိတ်ကြည်သွားရင်
အာရုံစိုက်ရတာလွယ်မယ်ထင်လို့"

"အာရုံစိုက်တယ်?ဘယ်အရာကို?"

မောင့်က မျက်နှာထားတင်းတင်းနဲ့ကြည့်ရင်းမေးဆတ်ပြသည်။

"မောင့်ကိုလေ"

"အော်..ဟုတ်သား။တစ်ပတ်လောက်ရှိနေပြီ ပစ်ထားတာ။မျက်လုံးချင်းဆုံရင် ရှောင်ဖယ်သွားတယ်။မောင်အိပ်ယာမထခင်
အရင်ထသွားတတ်တယ်။နေ့လည်ကျရင်လည်း ကမ်းခြေဘက်ထွက်သွားတတ်တယ်။ညကျရင်လည်း
ကမ်းခြေက ကလပ်မှာ အရက်တွေသောက်တယ်။မောင်မပါပဲ သူစိမ်းတွေနဲ့စကားသွားပြောတယ်။အထူးသဖြင့် ယောက်ျားလေးတွေနဲ့လေ"

"ဖြည်းဖြည်းပြောရင်မကောင်းဘူးလား။ခံစားချက်‌တွေများနေတယ်ရော"

"ဂျွန်ထယ်ယောင်း မင်းမောင့်ကို စိတ်ကုန်နေတာလား"

ထယ်ယောင်းသည်ဂျောင်ဂုအား
ညုတုတုသာကြည့်သည်။

နောက်တော့ ကောတေးခွက်၏ နှုတ်ခမ်းဝကို လက်ညိုးနဲ့ပွတ်ဆွဲရင်း။

"အို စိတ်ကုန်စရာလား။ချစ်လွန်းလို့ကိုခက်နေတာပါမောင်ရယ်"

"ဒါဆို အပြုအမူတွေက ဘာသဘောလဲ"

"လစ်လျူရှူတဲ့ပုံစံက ယောင်းရဲ့ ပင်ကို စရိုက်ပါ။မောင်သာ သေချာမကြည့်တတ်လို့"

ဂျောင်ဂုသက်ပြင်းချလိုက်မိသည်။
သူနဲ့ယှဉ်ပြောတိုင်းအမြဲရှုံးနေတာကလည်း အမြဲလိုလိုဖြစ်နေသည်။
ထယ်‌ယောင်း၏ အတွင်းစိတ်ထဲက
တွင်းအောင်းနေတဲ့ ခံစားချက်တွေကိုသာ သိမြင်ချင်လာ၏။

"မေးစရာရှိတယ်"

"မေး"

ခပ်ပြတ်ပြတ်စကားနဲ့အတူ ရေကူးကန်ဘက်ငေးနေတဲ့ ဒေလီယာငယ်။

"ကုမ္ပဏီဒေဝါလီခံရတော့မဲ့အချိန် အကုန်ချိတ်ပိတ်ခံရတယ်။စံအိမ်ရောအပါအဝင်ပဲ"

"အင်း အဲ့တော့"

"အကုန်လုံး ချိတ်ပိတ်ခံနေရတဲ့ကြား မောင့်မိဘတွေနေနေတဲ့အိမ်ကတော့ မပါခဲ့ဘူး"

Pretty Lies(Completed)Where stories live. Discover now