i don't want to be omega

1.3K 146 12
                                    

ပျော့ညံ့နေတာကိုငါမကြိုက်ဘူး။

စိတ်ပျက်လိုက်တာ။လည်းပင်းကmarkရာကိုကြည့်ရင်းငါလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

ငါ့ဘ၀ကြီးကဘယ်ကနေစမှားတာလဲ။geminiကိုသာမသိခဲ့ရင်ကောင်းမှာ။ခုတော့ဘာomegaတဲ့လား?မုန်းလိုက်တာ။ငါရေချိုခန်းထဲကမှန်ကိုဒေါသထွက်စွာအားဖြင့်ထိုးလိုက်သည်။

"အဟင့်...ဟင့်"

ဘူးသီးလုံးလောက်ကျလာတဲ့မျက်ရည်တွေ။မှန်ကအက်ရုံပဲအက်သွားပေမယ့်ငါ့လက်ထိပ်တွေကတော့ပွန်းကာသွေးတွေပင်ထွက်လာသည်။

နာလိုက်တာ!တအားနာတယ်။ငါတအီအီငိုနေတဲ့အသံကိုကြားတော့geminiကရေချိုးခန်းထဲ၀င်လာသည်။သွေးထွက်နေတဲ့ငါ့လက်ကိုသူကစိုးရိမ်သလိုကြည့်ကာငါ့အားဧည့်ခန်းထဲသို့ခေါ်လာသည်။

"နာတယ်.."

"နာမယ်မှန်းသိရင်ဘာလို့လုပ်သေးလဲ"

သူကပဲဒေါသထွက်ရမယ်ရှိသေး။ငါ့ကိုဒီလိုပျော့ညံ့တဲ့အရှုံးသမားဖြစ်အောင်ဘယ်ကောင်ပြောင်းခဲ့တာလဲ!။ဆေးထည့်ပေးနေတဲ့geminiဆီကနေငါ့လက်ကိုရုန်းလိုက်သည်။

"Fourth!ကိုယ်ဆေးထည့်ပေးနေတာနော်"

ငါလက်ပိုက်ကာမျက်နှာလွဲလိုက်သည်။မကြိုက်ဘူး!လာဂရုစိုက်မနေနဲ့။ငါကalphaတစ်ယောက်။အရာရာမှာမင်းအကူညီတွေမလိုဘူး။ဒါကငါ့ပုံစံပဲ။သူ့ဘာသာငါ့mateဖြစ်နေပါစေ။ငါကတော့လုံး၀ပဲငြင်းတယ်!

"ကောင်းပြီ မင်းဘာသာထည့်ကိုယ်မလုပ်ပေးတော့ဘူးရပြီလား"

ငါခေါင်းမငြိမ့်ပြပါ။geminiကမနက်စာပြင်ပေးမည်ဟူကာထထွက်သွားသည်။ငါကမင်းစိတ်ပျက်သွားတဲ့ထိအရွဲ့တိုက်ပြမှာကြည့်နေလိုက်!

____________________________

"Fourth!ကိုယ်မင်းကိုဘာပြောခဲ့လဲ"

ငါမသိချင်ယောင်ဆောင်ကာတီဗွီဆက်ကြည့်နေလိုက်သည်။မနက်စာစားပြီးတော့geminiကသူ့ကုမ္ပဏီသွားရသည်။မသွားခင်ငါ့ကိုအခန်းရှင်းဖို့မှာခဲ့ပေမယ့်ငါစောက်မြင်ကပ်လို့ကိုမရှင်းတာ။

Geminiရဲ့သက်ပြင်းချသံကငါ့ကိုပျော်ရွှင်စေသည်။သူကတီဗွီremoteယူကာပိတ်ကာပိတ်လိုက်သည်မလို့ငါစိတ်ဆိုးဆိုးနှင့်မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

My precious omega (geminifourth ff✅)Where stories live. Discover now