i love you!

1.8K 144 42
                                    

ကောင်းပြီ။မင်းကိုငါချစ်တယ်စောက်ရူး!

ညောင်းကိုက်နေတဲ့ကိုယ်နဲ့အတူငါဖြည်းဖြည်းချင်းအားယူစွာမျက်လုံးဖွင့်မိသည်။ဆေးရုံလား?ပိုးသတ်ဆေးနံ့တွေနဲ့မျက်နှာကျက်အဖြူဟာငါ့ကိုစိတ်ကသိကအောက်ဖြစ်စေသည်။

"နိုးပြီလားfourth မင်းကိုရန်မဖြစ်ဖို့ပြောသားပဲ"

ဟင်!ရန်ဖြစ်တယ်။ငါနားမလည်ပေ။winnyကငါ့အားတွဲကူကာကျောမှီလို့ရအောင်လုပ်ပေး၏။ထူးဆန်းလိုက်တာ။

"Geminiရော.."

Winnyကငါ့အားဘာလဲဟူ၍ကြည့်လာ၏။

"မင်းရူးသွားပြီလားဘယ်ကgeminiလဲ"

ဘာတွေလဲ။ငါဘာမှနားမလည်တော့ပေ။လည်ပင်းကိုငါထိကြည့်တော့ထူးဆန်းစွာmarkရာကမရှိတော့ပေ။alphaပြန်ဖြစ်သွားတာလား?

"ငါအခုဘာလို့ဆေးရုံရောက်နေတာလဲ"

Winnyကငါ့ကိုနားမလည်သလိုကြည့်သည်။အဲ့နောက်ခေါင်းခါရင်းငါ့ဘေးတွင်ထိုင်၏။

"ဒီမှာမင်းမွေးနေ့ပြီးတော့ငါတို့စုပြီးဖူးခက်သွားတယ်လေ။မအားလို့ဆိုပြီးမင်းဘန်ကောက်အရင်ပြန်တာလေ။ပြီးတော့ကားအက်စီဒန့်ဖြစ်တယ်"

"..."

"မင်းကားဘရိတ်ကြိုးဖြတ်ခံလိုက်ရတာ ကျောင်းတုန်းကမကျေနပ်တဲ့ကောင်တွေလုပ်သွားတာ။ပြီးတော့geminiဆိုတာဘာလဲ ငါတော့တစ်ခါမှမကြာဖူးဘူး"

အချိန်တွေနောက်ဆုတ်သွားတာလား?မဖြစ်နိုင်တာငါအထက်တန်းတုန်းကgeminiပုံစံကိုရှင်းပြပြီးငါတို့ရဲ့ပတ်သတ်မှုကိုပြောတော့winnyကငါကိုမာ၀င်ပြီးကြောင်သွားတာလားဟုမေးလေသည်။

အဖြစ်ပျက်တွေကငါလိုက်မနိုင်အောင်မြန်လွန်းသည်။ငါမှတ်မိသလောက်တော့ပြန်ပေးဆွဲခံခဲ့ရပြီးအတင်းmarkခံရမလိုဖြစ်ခဲ့တယ်။အဲ့နောက်..ဘာဖြစ်လဲငါမသိတော့ဘူး။

ငါနိုးလာတော့ဆေးရုံရောက်နေပြီ။ပြီးတော့ဒါကလည်းအက်စီဒန့်ကြောင့်။geminiကိုဘယ်သူမှကလည်းမမှတ်မိတော့ဘူး။ဘာတွေလဲအားးးငါနားမလည်နိုင်တော့ဘူး။

Winnyရဲ့စကားအရငါကိုမာ၀င်နေခဲ့တာ၁လပြည့်တော့မယ်တဲ့။ကံကောင်းလို့အောက်ပိုင်းမသေသွားတာ။ငါကုတင်ပေါ်တွင်သာထိုင်နေလိုက်ရင်းစဉ်းစားနေမိသည်။

My precious omega (geminifourth ff✅)जहाँ कहानियाँ रहती हैं। अभी खोजें