မကြိုက်သင့်သောတီချယ်🫀 P-8

Start from the beginning
                                    

ဆေးရုံးတဲ့လား... ကလေးမက ဆေးရုံးတင်ထားရတယ်တဲ့လား။ ငယ်တစ်ယောက် ဘာမှကိုမြင်‌နိုင် မကြားနိုင်နဲ့ ယိုင်နဲ သွားခဲ့ပြီ နွေးအဖေခေါ်သံကြားမှသာ အသိစိတ်ပြန်၀င်လာခဲ့လေ၏

"ဟယ်လို... ဟယ်လို တီချယ်"

"ဆောရီးပါ‌ ကျွန်မသတိလက်လွတ်ဖြစ်သွားလို့ပါ နွေးရဲ့အခြေအနေကဘယ်လို့လဲ အသေးစိတ်ရှင်းပြပေးပါလား နွေးကဘယ်ဆေးရုံးမှာလဲ"

စိုးရိမ်ပူပန်စိတ်တွေနဲ့မရပ်မနား မေးခွန်းမေးနေတဲ့‌ငယ်။ ငယ်ခဗျာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ ဖြစ်နေတာပေါ့...

"တီချယ် ခဏနေပါဦး ‌ဖြည်းဖြည်းချင်းမေးပါ ကျွန်တော် ရှင်းပြပေးပါမယ်"

နွေးအဖေလည်း အကြောင်းစုံရှင်းပြလိုက်မှ ငယ်ရဲ့စိုးရိမ်စိတ်ကနည်းနည်းလျော့သွားတော့သည်။

"ဟုတ်ကဲ့ အခုလို့ရှင်းပြပေးလို့ကျေးဇူးပါ ဒါနဲ့နွေးက ဘယ်ဆေးရုံးမှာလဲ မနက်ဖြန်ညနေလောက်၀င်ကြည့်ချင်လို့ပါ"

"တီချယ်ရယ် မ၀င်ကြည့်လည်းရပါတယ် အားနာစရာ"

"မဟုတ်တာ ကျွန်မတပည့်‌ နေမကောင်းလို့ဆေးရုံးတင်ထားရတာ ၀င်ကြည့်ရမှာပေါ့ ဆေးရုံးကနာမည်သာပြောပါ"

"ဟုတ်ကဲ့ ဆေးရုံးက****ပါ"

______

ဒေါက်...ဒေါက်
တံခါးခေါက်သံ

"၀င်လာခဲ့ပါ"

"သမီးနွေး..."

နွေးသဘောကျရတဲ့ အသံချိုချို၊နွေးမြတ်နိုးရတဲ့‌‌ဖြူဖြူဥဥခြေထောက်၊နွေးကို သ၀န်တိုအောင်လုပ်ခဲ့တဲ့ အမျိုးသမီးရဲ့အလှ၊နွေးလွမ်းနေခဲ့ရတဲ့ ထိုအမျိုးသမီးလေးက အခုနွေးအရှေ့မှာတဲ့လား။ အိပ်မက်ဆိုရင် ဒီအိပ်မက်ဟာ အရမ်းကိုကြည်နူးဖို့ကောင်းမည်အိပ်မက်တစ်ခု။ ဒါပေမဲ့ မာနငယ်ဆိုတဲ့အမျိုးသမီးလေးက ကိုယ်လက်ကိုတစ်ချက်ရိုက်လိုက်မှ ဒါဟာအိပ်မက်မဟုတ်ဘူးဆိုတာ ကိုယ်သိသွားခဲ့ပြီ။

"ဟိတ် ဆရာမခေါ်နေတာကြားရဲ့လားရှင်"

"ရှန်... ဟို.. ဟို... ဆောရီးနော် တီချယ်... သမီးတီချယ်ခေါ်တာမကြားလိုက်ဘူး"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now