အပိုင်း ၃၈

Mulai dari awal
                                    

ချင်ကောက ချက်ချင်း အပြစ်ရှိစွာ ခေါင်းညိတ်လိုက်သည်။

"ဧည့်ခန်းထဲသွား ဆိုဖာပေါ်မှာ အိပ်"  ဝူထုန် ခေါင်းအုံးကို ပစ်ပေးလိုက်သည်။

ချင်ကော သူ့လက်ကို မြှောက်ကာဖမ်းလိုက်ပြီး ဝူထုန်ကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။ ဝူထုန် စိတ်မရှည်နေတာကို မြင်လိုက်ရတော့ သူ့ခေါင်းကိုလှည့်လိုက်သည်

"ခဏလေး "

ဝူထုန် ခေါ်သံကိုကြားတော့ ချင်ကောက ချက်ချင်း ပျော်ရွှင်စွာနဲ့ ခေါင်းကို လှည့်လိုက်သည်။  အမြီးသာ သူ့အနောက်မှာပေါက်နေရင် သူ့အမြီးကို ချက်ချင်း လှုပ်နေလို့ရပြီ။

"ဒီနေ့ ရှင့်ကိုမေးဖို့မေ့သွားလို့ ရှင့်ရဲ့ အထူးတပ်ဖွဲ့ အချစ်ဇာတ်လမ်းမှာ နောက်နေ့ ခရီးစဉ်က သိပ်ကြောက်စရာမကောင်းဘူး မလား"  နေ့ခင်းတုန်းက ချင်ကောရဲ့ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့သော်လည်း ဝူထုန်က အမှန်တကယ် သတ္တိမရှိပေ။

"ဒိုင်ဗင်ထိုးရမှာ ကြောက်လား"  ချင်ကောက အဲဒါကို စဉ်းစားပြီးမှ မေးလိုက်သည်။

နောက်ထပ်က ဒိုင်ဗင်ထိုးရမှာလား?  ဝူထုန် ခဏလောက်စဉ်းစားလိုက်သည်။ "ကျွန်မ ရေဘယ်လိုကူးရမှန်းတောင်မသိဘူး "

"ဒိုင်ဗင်ထိုးဖို့ ရေကူးနည်းကို သိစရာ မလိုပါဘူး၊ အင်း... ဒါမှမဟုတ် ကိုယ် ရေကူးတဲ့နည်းကို သင်ပေးလို့ ရပါတယ်....."

" ဘာလို့ ဒိုင်ဗင်ထိုးမှာလဲ။ ကျွန်မကို ငါးမန်းတွေကြည့်ဖို့ ခေါ်သွားမှာတော့ မဟုတ်ဘူးမလား"  ဝူထုန်က သူ့ဦးနှောက်ကို မထိန်းချုပ်နိုင်တော့ဘူး။

"မဟုတ်ပါဘူး၊ ဒိုင်ဗင်ထိုးရုံလေးပါပဲ "ချင်ကောက   "ကိုယ်မင်းကိုနောက်မှာ ထားခဲ့မှာမဟုတ်ဘူးလို့ ကတိပေးတယ်"

ဒိုင်ဗင်ထိုးတာက အထူးကြောက်စရာမဟုတ်ဘူးလို့ ဝူထုန် ခန့်မှန်းတဲ့အတွက် သူမထပ်မေးလိုက်သည်။ "နောက်ထပ် ဘာရှိသေးလဲ"

"Skydiving" ချင်ကောက ဝူထုန်ရဲ့မျက်နှာမပြောင်းခင် အမြန်ပြောလိုက်သည်။ "ကိုယ်မင်းကိုဖက်ထားမှာပါ စိတ်မပူပါနဲ့ ကိုယ်အရင်က လေ့ကျင့်ထားခဲ့ပြီးပြီ၊ ပြဿနာလုံးဝမရှိဘူး"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang