အပ်နှင်းစံက နာမည်ကြားတာနဲ့ ကျကျနန မဲ့ရွဲ့ကာ

"နာမည်ကြီးကလည်းမလုပ်နဲ့ အခုနေ ရွာက ဘယ်လိုအနေထားရှိလဲ မသိပေမယ့်
တောတောင်သဘာ၀အလှက အခုနာမည်ကြီးနေတဲ့ နေရာ‌ေတွထက် ပိုပြီးလှတယ် ဆန်းကျယ်တယ်တဲ့ ဘုရားလေးတစ်ဆူဆို တော်တော်ရှေးကျတာတဲ့"

သူမတို့ပြောတုန်း မိုးတွေက အုံ့မဲရစ်သိုင်းကာ
တအိအိ ရွာသွန်းလာ‌တာကြောင့် တိတ်တိတ်ကလေးနားထောင်နေသည့် ဘုံက ကွေးကွေးလေးနေလိုက်ကာ မျက်စိတွေမှိတ်ထားလိုက်သည်။

ဘုရားသကြားမလို့ ဒီrich kid မျောက်လောင်းအုပ်စု အဲ့ဘက်္မသွားပါစေနှင့်

"ဟိတ် သူကြောက်နေတာလား?"

မာဂရက်က ဘုံ မကြားအောင် မျက်နှာရိပ်ပြတော့ ဘွဲ့ဖြူက ညီညာသောသွားတန်းတွေပေါ်အောင် ဟီးကနဲရယ်ကာ ဘေးမှာရှိသည့် လေထိုးမုန့်ကို အုန်းကနဲမြည်အောင် ဖောက်ချလိုက်သည်။

"ဘုန်း!!!'

"အား..... ကြီးကြီး‌ငုတ်တုတ်ကြွ!!"

"ဟားဟား "

အုပ်စုလိုက် လက်ညိုးထိုးဝိုင်းရီကြတာကြောင့်
ဘုံ ရှက်ရကောင်းမှန်းသိကာ တရားခံဘက်သို့
ကိုင်ထားသောရေဘူးနှင့် လွှဲချလိုက်သည်။

"ဖုန်း!!!!'

လက်္မောင်း ထံ ရေသန့်ဘူး ရိုက်သံက
အကျပနထိတော့ ဘွဲ့ဖြူက မျက်စိမှိတ်ပြကာ

"မနာဘူး မနာဘူး..'

"နင်!!!'

ဘုံ ထိုသတဝါကို ဂရုစိုက်္မနေတော့ဘဲ

"နင်တို့ အဲ့ရွာကိုသွားမယ့်စိတ်ကူးရှိရင်
Projectပြီးမှသွား"

"ခ်ခ် မသွားပါဘူး ဘုံရဲ့ မကြောက်ပါနဲ့"

"ရုပ်ကြမ်းကြိးလဲ ကြောက်တတ်တာပဲနော်၊"

မပြင်မဆင်နေတတ်သော ဘုံ့ကို ဘွဲ့ဖြူလိုက်စပေမယ့် ဘုံက လစ်လျူကာ

"မသွားရင် တော့ အဆင်ပြေပါတယ်
ဒါဆို ငါနားတော့မယ်"

မာဂရက်နဲ့ အပ်နှင်းက အိုကေပုံစ့လေးလုပ်ပြကာ ပြုံးနေတာကြောင့် စိတ်တအားမဆိုးမိတော့ဘဲ ဘေးမှာ ထိုင်နေတဲ့ ကျက်သတုံးကို
မမြင်သလို ပြုမူကာအိပ်ရင်းလိုက်ပါလာမိတော့သည်။

မာယာကျော့ရှင် (1930)Where stories live. Discover now