မကြိုက်သင့်သောတီချယ်🫀 P-4

Start from the beginning
                                    

"သမီး ဘယ်လို့တွေများ သွားလိုက်တာတုန်း မြန်လှရီးလား"

"အမြန် ...ပြေး ‌...လို့.. ပါ ..တီချယ်.. ဒီမှာ... အ၀တ်"

နွေးခဗျာစကားတောင်ကောင်းကောင်းပြောနိုင်အထိပြေးခဲ့မှန်း လေသံကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

"ကျေးဇူးနော် "

နွေးကမ်းပေးသည့် အ၀တ်ကိုယူ၍သန့်စင်ခန်းထဲမှာ အမြန်လဲ၏

"သမီးရဲ့ အနွေးထည်က ရေစိုသွားလို့ မနက်ဖြန်မှာ လျှောက်ပြီပြန်ပေးနော်"

"မဟုတ်တာ သမီးဘဲလျှောက်လိုက်ပါမယ် ခုနက ကိစ္စအတွက် ကျေးဇူးနော်"

"မလိုပါဘူး ကလေးမရဲ့"
ဟုဆိုကာ နွေးမျက်လုံးလေးတွေကိုစိုက်ကြည့်ကာပြုံးပြသည်။ ဘယ်သူနဲ့မှ အကြည့်မဆုံရဲသူနွေးကဘဲ အရင်ရှောင်လွဲသွားသည်။

"သမီးအတန်းကို ၀င်သင်ရမယ့် အချိန်တောင် ‌တ၀က်ကျိုးနေပြီ အမြန်သွားမှာ"

"ဟုတ်သား အခုလောက်ဆို အတန်းထဲမှာ ဆူညံနေမှာ အသေချာ"

"ဟုတ်ပ လာ အမြန်သွားရအောင်"

"ဟုတ်"

_____

အခန်းထဲတွင်-

"ဟဲ့ တီချယ်မလာတော့ဘူး ပျော်စရာကြီး" စာမသင်ရလေကောင်းလေဆိုပြီ ပြုံးပျော်နေသူ လမင်း

"မပျော်နေနဲ့ နွေးကို ခေါ်သွားပြီကတည်း နှစ်ယောက်လုံးပေါ်မလာတော့တာ တစ်ခုခုဖြစ်နေလားမသိ"

"ပျိုကလည်း ဘာမှမဖြစ်လောက်ပါဘူး"

"ဟျောင့်တွေ တီချယ်လာပြီ နေရာမှာအမြန်ပြန်ထိုင်ကြ" ဟုအော်လိုက်သည့် တီချယ်အလာကို စောင့်ကြည့်ပေးတဲ့ကောင်လေး

"ပျော်မှ ပျော်ကြရဲ့လား ကလေးတို့ ဆရာမ မလာတာကိုး"

"မပျော်ပါဘူး တီချယ်ကလည်း"

"တီချယ်ကမလဲဘူး အ၀တ်ဘဲလဲခဲ့တာ ကဲပါအဲဒါတွေထား စာသင်မယ့် ပထဝီစာအုပ်ထုတ်"

"ဟုတ်ကဲ့ပါ"

"နွေး ဘာဖြစ်လာတာလဲ"

"စာသင်ပြီမှရှင်းပြမယ်"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now