မကြိုက်သင့်သောတီချယ်🫀 P-3

Start from the beginning
                                    

စားသောက်ပြီတော့ သံစဉ်ခေါ်ရာနောက်ပါသွားသူနွေး။သံစဉ်ခေါ်သွားနေသည့် နေရာမှာ...

"သံစဉ် ငါဆရာမတွေနဲ့ ရင်းရင်းနှီးနှီးအရောတ၀င်မနေချင်တာ သိရဲ့သားနဲ့ ဆရာမတွေ တစ်ယောက်ပြီတစ်ယောက် နှုတ်ဆက်လိုက် စကားပြောလိုက်လုပ်နေရလားဟ"

"ဟဲဟဲ နင်ကလည်း ဒီတစ်ခါပဲလေနော်...ဟိုမှာ ငါတို့အတန်းပိုင် သွားနှုတ်ဆက်ရအောင်"

"ဟဲ့ ခဏ..." နွေးမှာငြင်းချိန်တောင်မရဘဲ သူပြောသမျှလိုက်လုပ်ပေးနေရတော့သည်။

"တီချယ် ထမင်းစားပြီးပြီလားဟင် သမီးတို့ဘာများကူပေးရအုံးမလဲ"

"ရပါတယ် ‌‌မနက်ကနွေးကူပေးထား‌ပြီးပြီလေ ဟုတ်တယ်မလား နွေး"

နွေးကို စိုက်ကြည့်ပြီပြုံးပြကာပြောလိုက်တဲ့ တီချယ်ကြောင့် နွေးမှာ ပြောစရာတွေပျောက်။ သံစဉ်ကတော့ အံ့ဩမှင်သက် ဆရာမတွေဆို ဝေးဝေးကရှောင်တဲ့ကိုယ်သူငယ်ချင်းမှ ဟုတ်ရဲ့သေးလားဆိုတဲ့ အကြည့်တွေနဲ့ နွေးကို ကြည့်နေတော့သည်။

နွေးမှာပြုံးရုံဖြင့်သာ။ အချိန်အတော်အတန်ကြာမှစကားတစ်ခုဆိုလေသည်။

"ဟုတ်တယ် သံစဉ် မနက်က တီချယ် ကိုယ်ကိုခေါ်ပြီး စာအုပ်ဝိုင်းသယ်ခိုင်းတာနဲ့ သယ်ပေးခဲ့တာ"

"အော် အဲလို့ကိုး ဒါဆို ခွင့်ပြုပါအုံးနော် တီချယ်"

"အေးအေး သမီးတို့"

နွေးတစ်ယောက် သံစဉ်ကို စကားတစ်ခုဆိုလိုက်သည်။

"ဟဲ့ ကိုယ်ခွက်ရှ်မမကို ခုနက တွေ့လိုက်လို့ သွားငမ်းလိုက်အုံးမယ် ဘိုင့်"

"ကြွကြွ"

နွေးသည့် သူခွက်ရှ်ကိုစိတ်ရင်းမှန်နဲ့သဘောကျနေသူဖြစ်သည်။ နွေးနှင့်သူခွက်ရှ်လေးသည်အတော်ကိုခင်ကြသည်။ အချို့ဆို တွဲနေသည့်ဟုထင်ကြသည်။သို့ပေမဲ့ နွေး၏ ခွက်ရှ်သည် နွေးကို သူငယ်ချင်းသို့မဟုတ် ညီမတစ်ယောက်လို့သာ ခင်တွယ်သည်။
နွေးသည်လည်း ခွက်ရှ်ကို ဖွင့်ပြောပြီးပြီလည်းဖြစ်ပြီး ခွက်ရှ်မမရဲ့ သူအပေါ်သဘောထားကို သိနေသည်။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now