Ⓔⓛⓔⓥⓔⓝ

Start from the beginning
                                    

ဖုန်းပြောပြီး သက်ပြင်းချနေတဲ့ ကောင်ငယ်ကလေးနားသူသွားထိုင်လိုက်တော့သည်။

"ကိုကို..."

ထယ်ယောင်းခေါင်းလေးငြိမ့်ကာ လက်လေးကမ်းသည်။သူ့ကိုဖက်ကာ နွေးထွေးပြူငှာစွာ နှစ်သိမ့်မယ်ပေါ့

ဂျီမင် ထယ်ယောင်းရင်ခွင်ထဲတိုးဝင်လာသည်။မောင့်ဆံနွယ်တွေ သပ်ပေးကာ ထယ်ယောင်း မောင့်ခေါင်းလေး အကြိမ်ကြိမ်နမ်းရှိုက်မိသည်။

ငါ့အချစ်တွေနဲ့ မောင်နွေးထွေးပါစေ....

"ကိုကိုသိလား မောင် မနေ့က လွန်တယ်"

"ဟင့်အင်း မောင်မလွန်ပါဘူး မောင်ဆိုတာ ငာ်ကတည်းက ပကာသန ကင်းကင်းနဲ့ နေလာခဲ့တဲ့ လူရိုး‌လူဖြောင့်လေးလေ မောင့်မှာ မာနတွေထားသင့်တာပေါ့"

"မောင် တောင်းပန်ပါတယ် ကိုကို..."

ထယ်ယောင်းပြုံးလိုက်သည်။ဒီတစ်ခါပြုံရတာက ပျော်လို့ ကျေနပ်လို့ထင်ရင်မှားလိမ့်မယ် မောင်ပြေသလို ငါ့မှာဘာဗဟုသုတမှ မရှိဘူးဆိုတာမှန်နေတာဘဲလို့ စိတ်ထဲကရေရွတ်လိုက်မိလို့

"မောင့်ဘေး ကိုကိုလာအိပ်နေတာမနက်ကသိတော့ စိတ်ထဲတအားအားနာမိတာ ကိုကို့ကိုမောင်sofaပေါ်ပြောင်းပေးခဲ့တာ ကိုကိုမနိုးဘူးနော်"

"‌ငါက အိပ်ပုပ်ကြီးတယ်လေ မောင်ရ ဘယ်သိမလဲ"

မောင်ရော သူပါ ပြုံးလိုက်ကြသည်။ရင်ခွင်ထဲက မောင်ကရော သူ့အပြောကို တကယ်သဘောကျလို့ပြုံးရယ်တာ ဟုတ်ရဲ့လား

_____

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး တည်ရှိသည့်နေရာ

မင်းတုန်းမင်းကြီးသည် ဗုဒ္ဓမြတ်စွာဘုရားဗ၏ နှုတ်ကပါဌ်‌တော်တွေကိုကမ္ဘာတည်သရွေ့ တည်ရှိစေချင် သည့် ရည်ရွယ်ချက်ဖြင့် ကျောက်စာချပ် ၇၂၉ချပ်ကို အုပ်ပြာဿဒ် တစ်ခုချင်းစီမှာ စိုက်ထူပူဇော်ခဲ့တဲ့ ကုသိုလ်တော်ဘုရား

မန္တလေးတောင်ခြေတွင်ရှိလေသည်။

မောင်နဲ့အတူ ဘုရားပုရဝုဏ်အတွင်းလျှောက်လှမ်းလာခဲ့ရပြီ....

‌ဒီမှာကြာပန်းကလေးတွေ ရောင်းတဲ့သူပေါ၍ အင်းလေးတုန်းက မောင်ဖန်တီးပေးခဲ့တဲ့ကြဆဠဲကြိုးသတိရသည်။

you are coolWhere stories live. Discover now