မကြိုက်သင့်သောတီချယ်🫀P-2

Start from the beginning
                                    

"နွားမ တိတ်တိတ်နေစမ်း"

"ဟဲ့ ဟိုနှစ်ကောင် ဘာတွေပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး" နွေးက ငြင်းလိုက်သည်။

တီ....တီ
ကျောင်းပြန်တက်ချိန်

ကျောင်းပြန်တက်ပြီသင်ရမယ့် အချိန်က ပထဝီအချိန်ပင်ဖြစ်၏

"ဟူးးး မသင်ချင်ပါဘူးဆိုနေမှာပဲကွယ်" နွေးစိတ်ထဲတွေ ရေရွတ်မိသည်။

ဆရာမ၀င်လာချိန်

"ဆရာမကိုနှုတ်ဆက်"
နှုတ်ဆက်ပြီတော့ ဆရာမက သူသင်ရမယ့်စာ သင်သည်။

"ဆရာမကို အခုမှသေချာကြည့်မိတယ် ငယ်သေးမယ့်ပုံပဲနော်" ဘေးနားက နှင်းဆီကို တိုးတိုးကပ်ပြောလိုက်သူ နွေး။

"အေးဟ အဖြူအစိမ်းလေးနဲ့ ချစ်စရာလေး"

"ဟ ကိုယ်ပြောတာ ငယ်တဲ့အကြောင်း မင်းကဖွန်ကြောင်နေတယ်"

ချစ်စရာလေးဘဲပြောတာပါနော် နှင်းဆီ၏အသံသည်အနည်းငယ်ကျယ်သွားသည်။

"ဟို မိန်းကလေးတွေရဲ့ ၄တန်း‌မြောက်က ‌ထောင့်ဆုံးကတစ်ယောက်...တီချယ်က ချစ်ဖို့ကောင်းမှန်းသိတာမို့ အဲလောက်အထိ အသံအကျယ်ကြီးနဲ့ တီချယ်ကိုအော်ပြောဖို့မလိုပါဘူးကွယ်"

တီချယ်ရဲ့စကားကြောင့် နွေးအပါအ၀င်အကုန်လုံး ရယ်မိသွားကြသည် နှင်းဆီကတော့ ရှက်ရှက်နဲ့မျက်နှာလေးတွေနီရဲနေကုန်။

______

နောက်နေ့မနက် ၂ရက်မြောက်နေ့
ကျောင်းတွင်-

ဟို ‌မေတ္တာနွေး ရှိလားဟင်" ဟု နွေးသူငယ်ချင်းပျိုကိုမေးလိုက်သည့်ကလေးမတစ်ယောက်

"နွေးက မုန့်ဈေးတန်းဘက်မှာရှိတယ် ဘာဖြစ်လို့လဲ"

သူကို ဒီ‌မုန့်လေးပေးချင်လို့ပါရှင့် သူကိုပေး ပေးပါလား အစ်မ"

"ဟုတ်ပြီ"

နွေးသည့် ကျောင်းမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ ယောက်ကျားတွေသာမက မိန်းကလေးတွေပါ‌‌သဘောကျရသူ

နွေး၏‌ ကြွေချင်စရာပုံသဏ္ဌာန်မှာ wolf cut ကေ၊ နှာတံသည် အနည်းငယ်လုံးပြီ ပြားသည် နှုတ်ခမ်း၏ အရောင်မှာ ပန်းရောင်နုနုလေးရှိပြီး နှုတ်ခမ်းနီ ဆိုးစရာမလို၊ပြုံးလိုက်ရင်အလွန်လှပသူဖြစ်၏ အရပ်အမောင်းမှာလည်း ၅‌ပေကျော်သာဖြစ်ပြီ ခန္ဓာယ်ကိုယ်လှသူတစ်ယောက်ဖြစ်သည်။ အကျဉ်းချုပ်ပြောရရင် ချစ်စရာကောင်းသူမျက်နှာပင်ဖြစ်သည်။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now