love song 11

444 45 4
                                    

"တောက်"

သံစဥ်တွေနဲ့မြောပြီးကခုန်ဖို့လုပ်ထားပေမဲ့
ဒေါသကထွက်လာသည်

လူတွေကြားထဲတိုးကရင်းစိတ်ဖြေမလို့လုပ်ထားတာကိုbodyguard တွေဘေးမှာဝိုင်း
ထားတာ ၅ ယောက်လောက်ရှိသည်

nini ပုံကဝိုင်းကြီးပတ်ပတ်ဆော့နေတဲ့ကလေး
တစ်ယောက်လို
clubထဲကလူတွေကလည်းဝိုင်းကြည့်ဝိုင်းကြည့်နဲ့
ကြာတော့လဲရှက်လာတာကြောင့်မကတော့ဘဲ
ဝိုင်ပဲထိုင်သောက်နေလိုက်တယ်

ပတ်ချယ်ယောင်းကတော့nini ရဲ့မျက်စောင်းထိုး
ကဝိုင်းမှာမိန့်မိန့်ကြီးထိုင်ကာကျေနပ်တဲ့အပြုံးကြီးနဲ့ကြည့်နေလေရဲ့

ဟွန့် .......မုန်းလိုက်တာ

တစ်ခွက်ပြီးတစ်ခွက်သောက်နေမိတာ
ဝိုင်းတစ်ပုလင်းလုံးကုန်ခါနီးတော့လူက
ခေါင်းမထောင်နိုင်တော့

"မမလေးသွားခေါ်လိုက်ရမလားမူးနေပြီ
ထင်တယ်"

"ရတယ်မခေါ်နဲ့ယောင်းဘာသာသွားခေါ်လိုက်
မယ်"

မှောက်နေတဲ့အမူးသမားလေးကစားပွဲနဲ့မျက်နှာ
အပ်နေချေပြီ

"nini  nini"

ပုခုံးကိုလှုပ်နိုးလိုက်တော့

"ဘယ်သူလဲ ငါ့အသားကိုလာမထိနဲ့နော်"

အမူးပါးလေး ဒါကျသိသား

"ယောင်းပါအိမ်ပြန်မယ်လေ"

"ယောင်း?  ဘယ်ကယောင်းလဲ
သြော်  သိပြီတစ်မိုးအောက်က
အယုတ်တမာပတ်ချယ်ယောင်း"

ခေါင်းမော့လာပြီးလက်သေးသေးလေးနဲ့
ရင်ဘတ်ကိုထိုးကာပြောလာတဲ့စကားကြောင့်
ယောင်း  မျက်မှောင်တွေကိုကြုံ့လိုက်သည်

"နင့်ကြောင့်ငါနဲ့jiji ဝေးရတာ

jiji နဲ့ငါမှာရှေ့လျှောက်ဖို့အိမ်မက်တွေအများကြီး
ရှိတာ

အဲ့ဒါ နင်သိလား

နင်သာဝင်မရှုပ်ခဲ့ရင်ခုချိန်ငါတို့နှစ်ယောက်က
ပျော်ရွှင်နေမှာ

အရာအားလုံးကနင့်ကြောင့်ပဲ"

ပြောပြီးငိုနေပြန်သည်

love  songWhere stories live. Discover now