love song 5

411 37 2
                                    

"ဖေကြီး nini အိမ်ရောက်နေတယ်"

"ဟုတ်လားငါလည်းသမီးနဲ့တွေ့ချင်နေတာအတော်ပဲ"

"ထမင်းစားခန်းထဲမှာဖေကြီးပြန်လာရင်စားလို့ရ
အောင်ပြင်ဆင်နေလေရဲ့"

ဇနီးသည်ကိုအိတ်ပေးလိုက်ပြီးထမင်းစားခန်းကိုအရင်ဝင်လိုက်သည်

သမီးလေးတစ်ယောက်တည်းရှိတာကြောင့်အိမ်ခွဲ
မနေစေချင်ပေမဲ့သမီးရဲ့အလုပ်ကဝေးတာကြောင့်ခွင့်ပြုထားခဲ့ရသည်

"ဖေကြီးးး"

ပြေးဖက်လာတဲ့သမီးကိုပြန်ဖက်ထားရင်း

"အင်းးးး....nini တစ်ယောက်တော့ချွဲနေပြီဖေကြီးရေ
ဘာလိုချင်ပြန်သလဲမသိဘူး"

"အာ...မေကြီးကလည်းnini ကဘာမှ
မလိုချင်ပါဘူးဒီတိုင်းဖေကြီးနဲ့မေကြီးကို
လွမ်းလို့လာတာကို"

"nini  ဒီနေ့ကုမ္ပဏီမသွားရဘူးလား"

"ဒီနေ့ပိတ်တယ်ဖေကြီးရဲ့အိမ်ကိုလဲလွမ်းလို့
လေ"

ဖေကြီးကိုသောက်ရေငှဲ့ပေးရင်းပြောလိုက်သည်

"လွမ်းတဲ့လူကလဲအိမ်ကို ၂ လတောင်မလာဘူး
ပျောက်နေလိုက်တာ"

"လာချင်တာပေါ့မေကြီးရဲ့ဒီတလောအလုပ်တွေ
များနေလို့ပါ"

မေကြီးကိုနောက်ကဖက်ရင်းပြောလိုက်သည်

"ဟုတ်မှာပါမိန်းမရဲ့ငါ့သမီးကိုမဆူပါနဲ့"

"အမလေးမဆူပါဘူးတော်ကျမကစိတ်ပူလိုပါ"

အငြင်းအခုံလုပ်နေတဲ့ဖေကြီးနဲ့မေကြီးကိုကြည့်
ပြီးရင်ထဲမှာတင်းကျပ်ကြီးဖြစ်လာသည်

ဒီအခြေအနေလေးသာnini ကြောင့်ပြောင်းလဲ
သွားရရင်

ဟင့်အင်း.....ဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူး

"nini......nini..."

"ဟင်....ရှင်ဖေကြီး"

"ဘာတွေတွေးနေတာလဲဖေကြီးခေါ်နေတာ
မကြားရလောက်အောင်"

"မဟုတ်ပါဘူး...ဖေကြီးရဲ့ပြောလေ"

"jisoo လေးကိုလည်းအိမ်ကိုလာလည်ပါဦးလို့
မတွေ့တာကြာလို့လေသမီးအမေကလည်း
သူ့လက်ရာကိုအားပေးမဲ့သူမျှော်နေလေရဲ့"

love  songWhere stories live. Discover now