part.51(uni&zawgyi)

Start from the beginning
                                    

"ကျွန်​​တော်​လုပ်​သင့်တယ်​ထင်​တဲ့..အရာကိုလုပ်​လိုက်​
တာပါ..သခင်​​လေး...."

"လုပ်​သင့်တဲ့အရာ..ဟုတ်​လား..."

​မေးရင်း...​နေ..ဂျိမ်းကိုလှည့်ကြည့်လိုက်​သည်​။
မီးဖို​ဆောင်​ထဲမှာ..အန်​ကယ်​..သူမကိုခြိမ်း​ခြောက်​
​ပြောဆို​နေတာ​တွေကို..​နေ..အားလုံးကြားခဲ့ပြီးသားမို့...

"ဒီ​လိုမျိုး..ခြိမ်း​ခြောက်​​ပြောဆို​နေရ​​လောက်​​တဲ့အထိ..
အသင်္ချေ့ကို.ကျွန်​​တော့်နားမှာရှိမ​နေ​စေချင်​တာက
အန်​ကယ်​လုပ်​သင့််တဲ့..အရာဆိုရင်​...အ​ကြောင်း
ပြချက်​က..ဘာလဲ..."

ဂျိမ်းကို..တခဏတာဆွံ့အသွား​စေတဲ့. သခင်​​လေးရဲ့
အ​မေး....

"ကျွန်​​တော်​​မေး​နေ​တာကိုမကြားဘူးလား..အန်​ကယ်​....."

"သခင်​​လေးလက်​ခံနိုင်​​လောက်​တဲ့အထိ..ခိုင်​လုံတဲ့
အ​ကြောင်းပြချက်​မျိုး..ကျွန်​​တော်​​ပေးနိုင်​ခဲ့ရင်​​ရော
သခင်​​လေးက..အသင်္ချေ့ကိုစွန့်လွှတ်​မှာမို့လို့လား..."

ဂျိမ်းရဲ့..အ​မေး​ကြောင့်..​ဒေါသအရိပ်​အ​ယောင်​
​တွေနှင့်..တင်းတင်း​စေ့သွားပြန်​တဲ့..​နေ့ရဲ့နူတ်​ခမ်း
နှစ်​လွှာ....

"ကျွန်​​တော်​လိုလူက..သူ့ကိုလက်​ထပ်​ဖို့အထိ....
ဆုံးဖြတ်​ခဲ့ပြီးမှ​တော့...မိုး​ကောင်းကင်​ကြီးတစ်​ခုလုံး
ပြိုကျလာ​စေမဲ့..အ​ကြောင်းပြချက်​မျိုးရှိ​နေရင်​​တောင်​
လက်​​လျော့မှာမဟုတ်​ဘူးဆိုတာ..အန်​ကယ်​​တွေးကြည့်
မိသင့်တယ်​..."

"သခင်​​လေး..."

"အန်​ကယ်​..ဒီလက်​ထပ်​ပွဲကိုလက်​ခံဖို့ခက်​ခဲ​နေတယ်​
ဆိုတာ..ကျွန်​​တော်​သိတယ်​...ဒါ​ပေမဲ့..တစ်​ကယ်​ပဲ
ကျွန်​​တော့်ရဲ့..မိသားစုဝင်​လိုမျိုး...သ​ဘောထားတယ်​
ဆိုရင်​..ကျွန်​​တော့်ကိုတားဖို့မစဉ်းစားပါနဲ့..အန်​ကယ်​မှ
မဟုတ်​ဘူး..အခု​နေ..ပါပါ..အသက်​ပြန်​ရှင်​လာပြီး
ကျွန်​​တော်​တို့ကိုကန့်ကွက်​ရင်​​တောင်​..ကျွန်​​တော်​
​နောက်​ဆုတ်​မှာ..မဟုတ်​ဘူး...."

ဂျိမ်း..​နေ့ကိုမမြင်​ဖူးသလို​ငေးကြည့်​နေရင်းမှ..
​ခေါင်းဆတ်​ဆတ်​ငြိမ့်သည်​။

You've reached the end of published parts.

⏰ Last updated: Jun 22, 2023 ⏰

Add this story to your Library to get notified about new parts!

စေတန်ရဲ့သတို့သမီးWhere stories live. Discover now