" အော် ရှင့်သမီးကရှင့်ကိုတိုင်တယ်ပေါ့လေ "

" ရွှေ သမီးလေးကိုဘယ်အထိစိတ်ဒဏ်ရာတွေပေးဦးမှာလဲ ပြောတော့သမီးလေးနဲ့အဆင်ပြေချင်တယ်ဆိုပြီးဒီလိုတွေပဲလုပ်နေရင်သမီးကရွှေ့ကိုပိုမုန်းလိမ့်မယ် "

ဒေါ်ရွှေခင်စောမှာတခနငြိမ်သွားသည်။

" ဟယ်လို ရွှေ "

" ဒါပဲ ကျွန်မနားချင်ပြီ "

" ခနလေးနေ..(တူး တူး )"

ဒေါ်ရွှေခင်စောသည်ဖုန်းချပြီးကုတင်ပေါ်ထိုင်ချလိုက်ကာတစ်ယောက်တည်းမှိုင်တိုင်စွာနေနေခဲ့သည်။

" ကျွန်မမှားလား ကိုဘုန်းမောင် ကျွန်မကိုယ်ကျွန်မအချစ်ဆုံးပါလို့ပြောခဲ့ဖူးတယ်မလား ကျွန်မလိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေ မရရအောင်ယူခဲ့တာပါ ကျွန်မကိုယ့်ကိုယ်ကိုအားလုံးထက်ပိုချစ်ခဲ့တာမှားလား "

တစ်ယောက်တည်းရေရွတ်ကာမျက်ရည်လေးဝိုင်းနေခဲ့တော့သည်။အတွေးတွေနဲ့ဖြစ်နေချိန်မှာဖုန်းကထမြည်လာခဲ့သည်။

" ဟယ်လို ရွှေခင်စောပါ "

" ဟယ်လို ရွှေ long time no hear your voice "

" ညို စိမ့်စမ်းညိုလားဟင် "

" ကျွန်မကိုမှတ်မိသေးတာတော်ပါသေးတယ်နော် "

" မမှတ်မိစရာလားဒီအသံကိုညတိုင်းနားထောင်နေတာကို big fan ပါနော် "

" ကျေးဇူးပါရှင် "

" ဒါနဲ့ "

" နောက်တစ်ပတ်ကျရင် ညိုရယ် မြရိပ်ချိုရယ်ရှင့်ဆီအလည်လာမို့လေအဲ့ကြောင့်မို့ဖုန်းကြိုဆက်ထားတာ "

" ဟယ် တကယ်ကြီးလား "

" တကယ်ပါ မတွေ့ရတာလည်းအတော်ကြာပြီဆိုတော့ငါတို့သူငယ်ချင်းလေးကိုလည်းလွမ်းလို့ပါ "

" ဒီတစ်ခေါက်ကျွန်မဆီအလည်သက်သက်မလား အလုပ်ပါမလာနဲ့နော် မဟုတ်ရင်ကျွန်မကစိတ်ဆိုးမှာ "

" အလည်သက်သက်ပါ တကယ်ဒီတစ်ခေါက်အတည်ပါ "

" ဟုတ်ပါပြီ စောင့်နေပါ့မယ် "

" ဟုတ်ကဲ့ပါရှင် အဲ့ဆိုဖုန်းချလိုက်တော့မယ်နော် အသံလွင့်ဖို့အချိန်ရောက်တော့မယ် "

Secret Love On AirDove le storie prendono vita. Scoprilo ora