" မာမီက လူဆိုးပဲဒယ်ဒီဒီလောက်ချစ်တာကိုလက်လွတ်ခဲ့တယ် ဘာလို့လဲ "

တစ်ယောက်တည်းမှုန်ကုတ်ကုတ်နဲ့အဖြေမရှိတဲ့မေးခွန်းတွေအတွက်စိတ်ပျက်ပျက်နဲ့သာသက်ပြင်းချနေသည်။

" အာ တော်ပါပြီ ဘာလို့ဒါတွေစဥ်းစားနေမှာလဲ အန်တီစိမ့်စမ်းညိုရဲ့အသံလေးပြန်နားထောင်တာပဲကောင်းပါတယ် "

Radio လေးယူကာ Line တွေပြန်ချိတ်ပြီးတစ်ယောက်တည်းအလုပ်ရှုပ်နေတော့သည်။

" မင်္ဂလာပါရှင် "စိမ့်စမ်းညို"FM 360 မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မစိမ့်စမ်းညိုပါ ဒီနေ့မှာတော့ အချစ်ဓာတ်ခံလေးရှိနေတဲ့သူတွေအတွက် " အချစ် "ဆိုတဲ့ချစ်စရာစာတိုကလေးတွေရွတ်ပြသွားမှာပဲဖြစ်ပါတယ် ခံစားနားထောင်ပေးပါဦးရှင် "

***အချစ်တဲ့ နှစ်လုံးတည်းရယ်ပါကွယ်
နက်နဲတယ်လို့ခံယူထားသူအဖို့နက်နဲပြီး
ပေါ့တန်စွာတွေးတဲ့သူတွေအတွက်ကတော့
အချစ်ကအချိုမပါအခါးမဟုတ်ဆားမပါတဲ့
ဟင်းတစ်ခွက်လိုဖြစ်ပြန်ရောပေါ့။

တကယ်တော့အချစ်ကအဲ့လောက်ထိ
မရှုပ်ပြန်ပါဘူးကွယ် အချစ်ကဘယ်ကလာသလဲ နှလုံးသားကနေလာတယ်ဟုတ်
လူတစ်ယောက်ရှင်သန်ဖို့အတွက်အရေးပါတဲ့
နေရာတစ်နေရာကနေလာခဲ့တာ။

သေချာပေါက်လူတစ်ယောက်အဓိပ္ပာယ်ရှိစွာ
ရှင်သန်ဖို့အတွက် အချစ်ကမရှိမဖြစ်အရာတစ်ခုဖြစ်နေမလား။***

" ခုစာတိုလေးတွေနားထောင်နေတဲ့နားထောင်သူလေးတွေရော တစ်ယောက်တည်းနားထောင်နေလား ဒါမှမဟုတ်မရှိမဖြစ်တဲ့အချစ်ကလေးတွေနဲ့နားထောင်နေလား ကောင်းသောညလေးဖြစ်ပါစေရှင် ဒီညတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါရစေ "

" အန်တီစိမ့်စမ်းညိုဆိုတဲ့ အမျိုးသမီးလေးနဲ့အတူနားထောင်နေတာပါရှင် "

Radio ဘေးမှာတင်ထားတဲ့ Lap top screen ပေါ်ကဒေါ်စိမ့်စမ်းညိုပုံကိုပြုံးပြုံးကြည့်ပြီးပြောနေသည်။

တစ်ဖက်မှာလည်း...

" hey ညို well done အများကြီးပင်ပန်းသွားပြီ ရော့ ရှင့်အတွက် ရေနွေးကြမ်းပူပူလေး "

Secret Love On AirWhere stories live. Discover now