၎င်းက ခေတ်မီထီးတစ်ချောင်းမဟုတ်၍ အနည်းငယ်ကြည့်ရဆိုးသော်လည်း ကုဟွိုက်က ထီးကိုပျော်ရွှင်စွာ လှမ်းယူလိုက်သည်။ သူ့ကိုကြည့်ပေးနေသည့် တက်ခ်ဇက်ရှိရာကိုလျှောက်သွားပြီး ထီးကိုပေးလိုက်သည်။

" ခင်ဗျားအတွက်..."
ကုဟွိုက်က မျက်လုံးများပါ ကော့ညွတ်သွားသည်အထိ ပြုံးပြလိုက်ပြီး ထီးကိုကမ်းပေးလိုက်သည်။

တက်ခ်ဇက်က ထီးကိုလက်ကိုင်မှ ဖြည်းညင်းစွာကိုင်လိုက်ပြီး သူ၏ ကတ္တီပါနီရောင်မျက်လုံးများဖြင့် ခဏတာ စိုက်ကြည့်နေလိုက်သည်။

ထိုအရာကို မည်သို့အသုံးပြုရသည်ကို မသိသော်လည်း လူငယ်လေးက သူ့ကိုလက်ဆောင်ပေးသည်ဖြစ်၍ အလွန်ပျော်ရွှင်နေပေသည်။

ကုဟွိုက်က ထီးအနည်းငယ်ထပ်မံဖန်တီးလိုသော်လည်း စိတ်စွမ်းအား အလွန်အမင်း အသုံးပြုခြင်းက သူ့ကို အိပ်မောကျသွားစေနိုင်ပေသည်။ သူ မြေပုင်ပေါ် နောက်တစ်ဖန် ပြန်လဲကျသွားသည်။

ဇက်တစ်ယောက်ဖြစ်လာခဲ့သော ကုဟွိုက်၏ အ‌ခြေအနေက အလွန်ထူးခြညးနေပေသည်။ သူက ဥထဲတွင် ဆယ်စုနှစ်ပေါင်းများစွာနေခဲ့ပြီးဖြစ်၍ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးလူသားတစ်ယောက်အသွင် ပြောင်းသွားနိုင်သော်လည်း စိတ်စွမ်းအားကမူ ကလေးတစ်ယောက်၏အဆင့်၌သာ ရှိနေသေးသည်။

သို့ဖြစ်၍ ဝိညာဉ်ချိတ်ဆက်မှုကို ကျယ်ပြန့်စွာ အသုံးပြုလိုက်ခြင်းနှင့် သူ့စွမ်းအားကိုသုံးလိုက်ခြင်းကြောင့် အိပ်ငိုက်လာနိုင်ပေသည်။

ကုဟွိုက်အိပ်မောကျတော့မည့်အချိန်မှာပင် ဤနေရာနှင့်  မိုင်ပေါင်းရာချီကွာဝေးသော ဆန်တာနဂါးငွေ့တန်းတွင် တစ်ဖက်သတ်တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။

ဤနဂါးငွေ့တန်းကို အုပ်ချုပ်ကြသော ဆာချိစ်မျိုးနွယ်များမှာ ကြယ်တာရာလောကထဲတွင် စွမ်းအားအကြီးဆုံးမျိုးနွယ်စုဟု သတ်မှတ်ထားကြသည်။ သို့ရာတွင် ယခုချိန်၌ ဆာချိစ်စစ်သားများမှာ မြေပြင်ပေါ် လဲကျနေသည်။ သူတို့က ရန်သူတစ်ယောက်တည်းကိုသာ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now