''ဒါနဲ့ ယူဂျင်းနီးကဘယ်နေ့ပြန်လာမှာ!?''
''ဟေ့ကောင် ပတ်ဂွန်းဝု မင်းရည်းစားအကြောင်းတောင်မင်းမသိဘူးလား''
''မောင်လည်း အလုပ်များတယ်လေကွာ မေ့တဲ့အခါလည်းမေ့မှာပေါ့''
ဂယူဗင်းဟာမနိုင်ဟန်ခေါင်းတစ်ချက်ခါလိုက်ရင်းခေါင်းအုံးပေါ်ခေါင်းပြန်ချလိုက်သည်။သူဒီကောင်နဲ့ဒီလိုပတ်သတ်မိတာကဟန်ယူဂျင်းဆိုတဲ့သနားစရာကောင်လေးကြောင့်ဘဲ။လူတွေမြင်နေရတဲ့သူတို့ရဲ့အိမ်ထောင်ရေးနောက်ကွယ်မှာလျှို့ဝှက်ထားတာတွေတအားကိုများတယ်။အတိတ်ကိုပြန်တွေးမိသွားတဲ့ဂယူဗင်းကသူ့နှုတ်ခမ်းတွေအပေါ်ကိုကော့တက်တဲ့ထိပြုံးလိုက်သည်။သူ့ကိုယ်သူ 'မောင်'လို့သုံးနှုန်းတတ်တဲ့မာဖီးယားကောင်လေးကတော့သူ့ကိုစူးစိုက်ကြည့်ရင်ကြည့်နေမှာပေါ့။
_________________________
''ဂယူဗင်း စောနကဒီနားထိုင်နေတဲ့ကောင်လေးကိုတွေ့မိသေးလား''
သူ့ဟာနဲ့သူတောင်မအားရတဲ့ကြားထဲဘယ်သူ့ကိုသူကတွေ့ရမှာတုန်း။စိတ်ရှုပ်ပေမဲ့လည်းတစ်ချက်ပြုံးပြလို့မသိကြောင်းပြောရသေးသည်။
''အဲ့တာဆို လိုက်ရှာပေးအုံး အဲ့ကောင်လေးပုံစံကအခြေအနေမဟန်ဘူး''
''အင်းအင်း''
CCTVကနေကြည့်လာတဲ့မသဲမကွဲမျက်နှာလေးကြောင့်ဂယူဗင်းမှာဆေးရုံတစ်ခွင်နေရာလပ်မကျန်အောင်ရှာရတော့သည်။ဘယ်မှာရှာရှာမတွေ့။ဆေးရုံရှေ့ကcctvမှာထွက်သွားတာကိုမရိုက်မိထားတာမို့ဆေးရုံထဲမှာဘဲရှိနေအုံးမှာဟာအသေအချာပင်ဖြစ်သည်။ရုတ်တရက်သတိရမိသွားတဲ့နေရာတစ်ခုကြောင့်ဂယူဗင်းရဲ့ခြေလှမ်းတွေကိုအဲ့ဘက်ကိုဦးတည်လိုက်သည်။
''မင်းဘာလို့ဒီမှာရှိနေတာလဲ မင်းကိုလိုက်ရှာရတာသေတော့မလို့ ''
အရေးပေါ်လှေကားမှာဒူးတုတ်ကာထိုင်နေတဲ့ကောင်လေးကြောင့်ဂယူဗင်းဆူပူသံဖြင့်ပြောလိုက်သည်။မျက်ရည်တွေဝဲနေတဲ့ကောင်လေးကဂယူဗင်းကိုမော့ကြည့်လာရင်း...
''တောင်းပန်ပါတယ် ကျွန်တော့်အပြစ်ပါ''
ဂယူဗင်းကစနောက်တဲ့အနေနဲ့ဆူပူလိုက်ပေမဲ့ထိုကောင်လေးဟာမျက်ရည်တွေတသွင်သွင်စီးကျလာရင်းတောင်းပန်လာတော့သည်။ဂယူဗင်းမှာကြောင်အစွာရပ်ကြည့်နေရုံမှအပမလှုပ်ရှားမိ။နှစ်သိမ့်ပေးသင့်တာလား?ဒါမှမဟုတ် ချော့ရမလား?
CZYTASZ
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
