အချစ်သို့ မျက်နှာမူ၍(သို့ မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၄)
အဲလက်နှင့် ဖုန်းပြောပြီးချိန်ဟာ မှောင်စပျိုးစ အချိန်ဖြစ်သည်။ဖုန်းကို ကိုင်ကာ အဲလက် က ချွဲလိုက်တိုင်း ခပ်လွယ်လွယ်ပင် ချက်ချင်း မဆိုင်းမတွ ကတိပေးလိုက်မိသော ကိုယ့်ကိုယ်ကိုယ် လီယို အပြစ်တင်မိသည်။အဲလက်ကြိုက်တတ်သည် ဆိုသောနှင်းပန်း လည်း ခြံထဲမှာ ရှိသည်။လီလီ ပန်းတွေလည်း စိုက်ပျိုးထားပြီးသား ရှိသည်။ပန်းစည်း စည်းနည်းကို YouTube ကနေ ကြည့်လို့ ရချင်ရအုံးမည်
ဟင်းအစပ်အဟပ်တည့်အောင် ချက်ဖို့၊ပြုတ်ဖို့ ကျတော့ သင်တန်းတက်ထားသည်က လွဲလို့ အိမ်မှာ လက်တွေ့ချက်မစားဖြစ်သည့် ကျတော့်အတွက် အခက်အခဲ ရှိသည်။
သို့နှင့်
ကျတော်လည်း ထိုတညနေလုံး၌
ခြံထဲက ပန်းတွေကို အပွင့် ပွင့်မပွင့် ပြေးကြည့်လိုက်၊အစားအသောက် ချက်ပြုတ်သည့် ဗီဒီယို တွေကို YouTube မှာ ပြေးကြည့်လိုက်နှင့် တယောက်တည်း ဗျာများ ပြီး အချိန်ကုန်ဆုံး ခဲ့ရပြန်ပါပေါ့။ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ ယောင်တောင်ပေါင်တောင်ဖြင့် ခေါင်းမူး ပြီး အိပ်မပျော်သွားခင် တွေးထားလိုက်မိသည်။မနက်ခင်းရောက်ရင် ဟင်းချက်ဖို့ လေ့ကျင့်ရမည် ဟူ၍ ဖြစ်ေလသည်။
ဟင်းချက်ဖို့ လေ့ကျင့်ရမည်။
အချိုတည်းဖို့ အချိုပွဲ မုန့်တွေ အကြောင်း လေ့လာရမည်။
ချစ်ရသည့် အဲလက် တဖြစ်လဲ ထင်စေအဲလက်ကို တခါတည်းနှင့် အရည်ပျော်ကျ သွားအောင် ပြီးပြည့်စုံသည့် ထမင်းဝိုင်းလေး တဝိုင်းကို ကိုယ်တိုင်ပြင်ဆင်ကာ စေတနာ ဗရပွ ဖြင့် ချက်ကျွေးချင်နေမိသည်။အနှစ်နှစ် အလလက စုဆောင်းထားသည့် အချစ်တွေနှင့် အတူပေါ့လေ။
.....................
လူတယောက်ဟာ ညဘက် အိပ်ရာဝင်ချိန်မှာ ကိုယ်ကချစ်ရပြီး၊ကိုယ့်ကို လည်း ချစ်တဲ့ လူတယောက်နဲ့ အကြာကြီး စကားတွေ ပြောပြီးမှ အိပ်ရတာ
တော်တော် နွေးထွေး လုံခြုံမှု ရှိတာပဲဆိုတာကို ကျတော် မနေ့ညက သိခဲ့ရပြီ။
YOU ARE READING
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)
Romanceအချစ်သို့ မျက်နှာမူ၍ (သို့မဟုတ်)သိမ်းပိုက်တော်မူခန်း ကြယ်နတ်သား............ဦးရီးတော်ကို မုန်းတယ်။ ကျတော် ဘာလို့ ဘုရင့် ဦးရီးတော် ရဲ့ ရှေ့မှောက်ကိုမှ ကြွေကျလာခဲ့ရတာလဲ? ဘုရင့် ဦးရီတော်......................ဒါက ရေစက်လို့ ခေါ်တယ် နတ်သက်ကြွေလာတဲ့ ကြယ်နတ်...