အချစ်သို့ မျက်နှာမူ၍ (သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၀)
"ဒီကို ခဏ လာပါအုံး ဦးရီးတော်"ဟင်
အဲလက်က ရုတ်တရက် လှမ်းခေါ်လိုက်တာကြောင့် ဦးရီးတော် လီယို တယောက် အံ့ဩသွားရသလို၊ထိတ်ထိတ်ပျာပျာ လည်း ဖြစ်သွားရလေသည်။"ဘာဖြစ်လို့လဲဟင် ဘာဖြစ်လို့လဲ အဲလက်"
လို့ တတွတ်တွတ်ရေရွတ်ကာ စိုးရိမ်တကြီးနှင့် အလျင်အမြန် ပင် အဲလက် ရှိရာသို့ အပြေးကလေး ရောက်သွားလေသည်။
အဲလက်က အခုမှ ရေချိုးပြီးကာစ အဝတ်အစား အပြည့်အစုံ မဝတ်ရသေးဘဲနှင့် အပေါ်ပိုင်း ဗလာကျင်းနေသော ဦးရီးတော်လီယို၏ ခန္ဓာကိုယ်ကို ကြည့်ကာ ပြုံးတုံ့တုံ့ ဖြစ်သွားသည်။
"ဟင် ကြည့်ပါအုံး ဦးရီးတော် ရဲ့ ဗလ ကြီးက ချစ်စရာကြီးဗျာ နော်၊
ကျတော် နည်းနည်းလောက် ကိုင်ကြည့်လို့ ရလားဟင်"?ဟု မေးနေလေသည်။
ဦးရီးတော်လီယိုကတော့ ဆံပင်ရှည်တွေ ကို မဖြီးမသင်ပဲ မသေမသပ် ဖြစ်နေသည့် ကြားက လှပ လွန်းနေသော အဲလက်၏ မျက်နှာ လေးကို ကြည့်ကာ အဲလက်ပြောသော စကားများကြောင့် လန့်သွားရလေသည်။
"ဟို.... ဟို ဘာလုပ်ဖို့ ခေါ်တာလဲ?
အဲလက်ရဲ့"ဖျတ်ကနဲ နောက်သို ခုန်ဆုတ်ရင်း မျက်ကလဲဆန်ပြာနှင့် အဲလက်ကို ပြန်မေးနေလေသည်။
အဲလက်က မှန်တင်ခုံရှေ့က ခုံလေးပေါ်မှာ ထိုင်နေရင်း မတ်တပ်ရပ်ကာ နောက်ဆုတ်သွားသော ဦးရီးတော်လီယို၏ နောက်သို့ လိုက်လာလေသည်။
"ဪ ဟုတ်သားပဲ ကျတော့် ကို ခေါင်းဖြီးပေးပါအုံးလို့၊ ပြီးရင်၊ ဆံထုံးပါ ထုံးပေး။ကျတော်လည်း ဦးရီးတော်ကို ပြန်ပြီး ခေါင်းဖြီးပေးမယ်။ဆံထုံး ထုံးပေးမယ်"
လို့ ပြန်ဖြေပြီး အဲလက်က ခုံလေးပေါ်မှာ ပြန်ထိုင်လိုက်လေသည်။
ဦးရီးတော်လီယိုက အဝတ်အစား အပြည့်အစုံ မဝတ်ရသေးတာကြောင့် အဲလက် အနီးသို့ ကပ်မသွားသေးဘဲနှင့် ရပ်ကြည့်နေလေသည်။အဲလက်က စိတ်မရှည်သလို လှည့်ကြည့်လိုက်ပြီး
"လာလေ လာပါ ဦးရီးတော်ရဲ့။
ခေါင်းဖြီးပေးပါအုံးလို့ဆို"
YOU ARE READING
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)
Romanceအချစ်သို့ မျက်နှာမူ၍ (သို့မဟုတ်)သိမ်းပိုက်တော်မူခန်း ကြယ်နတ်သား............ဦးရီးတော်ကို မုန်းတယ်။ ကျတော် ဘာလို့ ဘုရင့် ဦးရီးတော် ရဲ့ ရှေ့မှောက်ကိုမှ ကြွေကျလာခဲ့ရတာလဲ? ဘုရင့် ဦးရီတော်......................ဒါက ရေစက်လို့ ခေါ်တယ် နတ်သက်ကြွေလာတဲ့ ကြယ်နတ်...