အချစ်သို့ မျက်နှာမူ၍
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၁)
ဦးရီးတော်လီယို တယောက် အိပ်ရာထက်သို့ ရောက်လာသည့် တိုင် အဲလက်က နံဘေးကနေ လိုက်လာပြီး နံဘေးမှာ ဝင်အိပ်နေသည်။ဦးရီးတော် လီယောက်လည်းလည်ချောင်းတွေ ခြောက်လာတာကြောင့် တံတွေးတွေ ခဏ၊ခဏ မျိုချနေရပေမယ့် မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။အဲလက်ကို သူ မကြည့်ရဲချေ။
အဲလက်ကတော့ နံဘေးကနေ စောင်းအိပ်နေရင်းကနေ လက်တံတောင်နှင့် သူ့ခေါင်းကို သူထောက်ကာ အိပ်ချင်ယောင်ဆောင်နေသော ဦးရီးတော် လီယိုကို ငေးကြည့်နေလေသည်။
ဦးရီးတော် လီယို၏ မျက်တောင်ရှည်ရှည်များကို ကိုင်ကြည့်နေရင်း
"ကျတော်နဲ့ လက်ထပ်မယ့် သတို့သား က မျက်တောင်တွေ အရှည်ကြီးဘဲနော် "
လို့ ပြောလိုက်သည်။
ဆက်ပြီးတော့လည်း ဦးရီးတော်၏ နှာတံလေးကို သူ့လက်ချောင်းလေးနှင့် ဖွဖွလေး ကိုင်ကြည့်နေပြန်ကာ"နှာတံလေးက စင်းပြီး လှလိုက်တာ။"
လို့ ပြောပြန်သည်။
ဆက်လက်၍ မျက်လုံးမှိတ်ထားသည့် ဦးရီးတော် လီယို၏ နှုတ်ခမ်းလေးတွေ ကို ကိုင်ကြည့်နေပြန်သည်။"နှုတ်ခမ်းလေးကလည်း လှလိုက်တာ။
နီဥနေတာပဲ ။"လို့လည်း ထပ်ပြောေသးသည်။
ဦးရီးတော်၏ မေးဖျားလေးကိုလည်း ကိုင်ကြည့်လိုက်သေးသည်။"မေးရိုးလေးကလည်း ချွန်ပြီး ချောလိုက်တာ ဗျာ"
လို့ ပြောကာ ဦးရီးတော်ကို ဖျတ်ကနဲ သူ့လက်ကလေးနှင့် လှမ်းဖက်လိုက်လေသည်။ပြီးတော့ သူ့ခေါင်းကလေးကလည်း ဦးရီးတော် လီယို၏ ရင်ခွင်ထဲသို့ ဝင်လာလေသည်။
အဲလက်က သိမ်းကြုံးဖက်ပြီး ရင်ခွင်ထဲ သို့ ခေါင်းလေး မှီကာ အိပ်နေတာမို့ ဦးရီးတော် လီယိုသည် အဲလက်၏ မျက်နှာကိုရော၊လက်ကလေးကိုေရာ၊သူဝတ်ဆင်ထားသည့် အင်္ကျီစ အိအိဖတ်ဖတ်လေးကိုသော်လည်းကောင်း မကြည့်ရဲချေ။
အမြင်မပါသေးပဲ အတွေ့နှင့်ပင် ရူးသွပ်နေရအောင် အချစ်ဆိပ်တက်နေပြီဖြစ်တာကြောင့် ထပြီး ဖောက်လွဲ၊ဖောက်ပြန်တွေ မလုပ်မိအောင် တခြား အကြောင်းအရာတွေ ကို အာရုံပြောင်းကာ တွေးနေမိသည်။
YOU ARE READING
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)
Romanceအချစ်သို့ မျက်နှာမူ၍ (သို့မဟုတ်)သိမ်းပိုက်တော်မူခန်း ကြယ်နတ်သား............ဦးရီးတော်ကို မုန်းတယ်။ ကျတော် ဘာလို့ ဘုရင့် ဦးရီးတော် ရဲ့ ရှေ့မှောက်ကိုမှ ကြွေကျလာခဲ့ရတာလဲ? ဘုရင့် ဦးရီတော်......................ဒါက ရေစက်လို့ ခေါ်တယ် နတ်သက်ကြွေလာတဲ့ ကြယ်နတ်...