သို့ရာတွင် အတော်ဆုံး ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်သည်ပင် ရံဖန်ရံခါ၌ အချိန်ဆွဲတတ်ပေသည်။ ကိုဟွိုင်က ၉၀ရာခိုင်နှုန်းခန့်သာပြီးသေးသည့် ဇာတ်ညွှန်းကိုကြည့်ပြီး ခေါင်းကိုက်လာသည်။

အလုပ်ရဲ့ ၉၀ရာခိုင်နှုန်းလောက်က ပြီးနေပြီလေ ဒါဆိုရင် ပြီးဖို့ပိုမလွယ်ဘူးလား... မှန်ပါတယ် ဒါ‌ပေမဲ့ မနက်ဖြန်က ဇာတ်ညွှန်းကိုအပ်ရမယ့်နေ့ဖြစ်နေရင်ရော...

ကုဟွိုက် “…”

သူ့ကို ခေါင်းပြောင်အောင် လုပ်နေတာပဲ..

ကံကောင်းသည်မှာ ဤဇာတ်ညွှန်းက ဆီလျော်အောင် ပြန်ပြင်နေရသော ဇာတ်ညွှန်းမျိုးဖြစ်ကာ အလွန်တရာခက်ခဲလှသည်လည်းဟုတ်ပေ။ ယနေ့ညတစ်ညလုံးမအိပ်ပဲ နေလိုက်ပါက ပြီးနိုင်လောက်သည်ဟု ကုဟွိုက်တွေးလိုက်မိသည်။ ရိုးရိုးသားသားပြောရလျှင် ဤဇာတ်ညွှန်းက သူ နာမည်မကြီးမီက ရေးသားခဲ့သော ကျင်းကျန်းဝတ္ထုတစ်ပုဒ်ကို အမှတ်ရစေခဲ့သည်။ သူက ကန့်သတ်ချိန်နီးလာမှ အားလုံးကို အသည်းအသန်ရေးခဲ့ရခြင်းဖြစ်သည်။

ကီးဘုတ်မှ တတောက်တောက်အသံက အခန်းထဲတွင် ဆက်လက်ထွက်ပေါ်နေသည်။ မနက် ၉နာရီမှစ၍ အလုပ်စလုပ်နေခဲ့သောကုဟွိုက်မှာ ပြတင်းပေါက်အပြင်ဘက်တွင် အမှောင်ထု ကြီးစိုးလာပြီးနောက် ပြန်လင်းလာသည်အထိ အလုပ်များနေခဲ့သည်။

မနက်စောစောအချိန်တွင် စားခဲ့သော မနက်စာမှလွဲပြီး အခြားထမင်းနှစ်နပ်ကို အလုပ်များနေသောကုဟွိုက်က လုံးဝလျစ်လျူရှု့ထားခဲ့မိသည်။

ကုဟွိုက်က အချိန်ဆွဲတတ်သူဖြစ်သော်လည်း အလုပ်ကိုdeadlineကျော်အောင်မလုပ်တတ်ပဲ အချိန်မီ ပြီးစီးအောင် လုပ်တတ်သူဖြစ်သည်။

နာရီ၂၀ဆက်တိုက် အသည်းအသန်အလုပ်လုပ်ခြင်းက ခန္ဓာကိုယ်ကို နွမ်းနယ်စေသည်။ ကုဟွိုက် အလုပ်ပြီးသွားချိန်တွင် ဘေးအိမ်မှ ကြက်တွန်သံကိုပင် ကြားလိုက်ရသည်။

ကုဟွိုက်က ဇာတ်ညွှန်းကို ရေးပြီးသည်နှင့် တောင့်တင်းနေသော အကြောများကို လျှော့လိုက်သည်။ သူ စိတ်အေးလက်အေးနေလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ရှေ့မှ အရာအားလုံးက ရုတ်ချည်းအမှောင်ကျသွားသည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now