မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

" အဲဒီရှေးဟောင်းမိစ္ဆာကို ငါသွားတွေ့မယ်..."

လူများကို ဆူပူကျိန်းမောင်းနေသည်နှင့်ယှဉ်ပါက စိတ်ခံစားချက်မရှိသော ကျွမ်းချင်၏ပုံစံက ပိုကြောက်မက်ဖွယ် ကောင်းပေသည်။ စီမံခန့်ခွဲရေးအဖွဲ့တွင် အသက်ကျယ်ကျယ်ရှုရဲသူတစ်ယောက်မှ မရှိပေ။ ကျွမ်းချင်က ကျူးယန်ကို စစ်ဆေးတော့မည့်အကြောင်းကို ကြားသည့်အခါ လောင်ဟွမ်က အလျင်အမြန်ပြုံးပြလိုက်ပြီး ရှေ့မှဦးဆောင်ကာ လျှောက်သွားလိုက်သည်။

ဗျူရို၏မြေအောက်ခန်းတွင် စည်းကမ်းဖောက်ဖျက်သော ကျင့်ကြံသူများအတွက် အထူးတလည်ပြုလုပ်ထားသော ဝိညာဉ်ပိတ်လှောင်အစီအရင်တစ်ခု ရှိသည်။ ထိုအစီအရင်ကို ကျွမ်းချင်၏သွေးဖြင့် ရေးဆွဲထားပြီး ယောင်ဓာတတ်( မိစ္ဆာဓာတ် )ကို ဖိနှိပ်နိုင်သော အဆောင်များကိုလည်း ထောင့်လေးထောင့်တွင် ချထားပေသည်။  ကျင့်ကြံဆင့်နိမ့်သောယောင်များက ဤနေရာသို့ ဝင်ရောက်သည်နှင့် မသက်မသာ ဖြစ်စေနိုင်ပေသည်။

ကျုးယန်ကို ဤနေရာတွင် ပိတ်လှောင်ထားသည်မှာ ရက်အနည်းငယ် ကြာပြီ‌ဖြစ်သော်လည်း သူ၏ မောက်မာသော စိတ်အခြေအနေကို မဖြိုဖျက်နိုင်သေးပေ။ လူများဝင်လာသည်ကိုတွေ့သည်နှင့် ရန်စကား စပြောတော့သည်။

" အသုံးမကျတဲ့လူသားတွေနဲ့ မိစ္ဆာတွေပါလား..."

ကျွမ်းချင်က လက်ရွေးစင်တစ်ယောက်၏ရနံ့ဖြင့် ပေါင်းစပ်ထားသော ဘလေဇာအင်္ကျီကိုချွတ်ပြီး သူ့နောက်တွင်ရပ်နေသည့် ချူးယွင်ကို ပေးလိုက်သည်။

" သေချာကိုင်ထား သွေးတစ်စက်မှ မပေစေနဲ့..."

ချူးယွင်က အလွန်နာခံမှုရှိသည်။ ဘလေဇာကိုကိုင်ထားပြီးနောက် ခြေလှမ်းပေါင်းများစွာ ဆုတ်သွားလိုက်သည်။ ကံကောင်းသည်မှာ အရှေ့တွင် အရံအတားတစ်ခု ချထား၍ ဤနာမည်ကြီးတံဆိပ်အင်္ကျီတွင် ဖုန်တစ်စက်မှ ရှိမနေပေ။

" ကျူးယန်..."

ကျွမ်းချင်က ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲ ခြေချလိုက်ပြီး လူသားပုံစံကိုပင် မထိန်းထားနိုင်တော့သည့်အပြင် လက်တစ်ချောင်းပင် မလှုပ်နိုင်တော့သည့်ကျူးယန်ကိုကြည့်လိုက်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now