မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

" ငါတို့ကိုပဲ စိုက်ကြည့်မနေနဲ့ သူတို့ကိုအမြင်ကျယ်သွားအောင် ပြလိုက်ပါဦး..."

ကျောက်စန်းရှန့်က ကြက်ခြေထောက်တစ်ချောင်းကို ကိုက်နေပြီး သူ့မျက်နှာက ပြုံးရွှင်နေသည်။

" အို့..."

ဖူလီက ထရပ်လိုက်ပြီး သူ ညွှန်ပြသည့် ကျောက်တုံးကိုကြည့်လိုက်သည်။ ၎င်းက အနည်းငယ်သေးငယ်ပုံရသည်။ သူ ညာဘက်လှည့်ပြီး ထိုကျောက်တုံးထက် အရွယ်အစားကြီးသည့်ကျောက်တုံးကိုကြည့်ပြီးနောက် ကျောက်စန်းရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အားပေးသောအကြည့်ကြောင့် ဖူလီက ညာဘက်မှ ကျောက်တုံးကို မြေ‌ပြင်ပေါ်မှ မ'လိုက်သည်။

အနားမှ လူအနည်းငယ်က အံ့ဩပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။ အချိန်အတန်ကြာသည်အထိ သူတို့မြင်လိုက်ရသည်ကို မယုံနိုင်သေးပေ။

" ကျောက်ကော... မင်းရဲ့ဇာတိကကောင်လေးက အလေးမအဖွဲ့မှာသာပါရင် နိုင်ငံကို ဂုဏ်ဆောင်ပေးနိုင်လောက်တယ်..."

ထိုကျောက်တုံးက ကတ်တီရာပေါင်းများစွာ အလေူချိန်စီးပေသည်။

ကျောက်စန်းရှန့်လည်း ထိတ်လန့်သွားသည်။ သူက  အပျော်သဘောဖြင့် ဖူလီကို ဘေးနား‌မှ ကျောက်တုံးလေးကိုသာ မ'ခိုင်းခဲ့ရုံဖြစ်ပြီး ကမ္ဘာ့စံချိန်ကို ချိုးခိုင်းခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ ယောင်လောက( မိစ္ဆာလောက ) တွင် စည်းမျဉ်းများရှိသည်။ ယောင်(မိစ္ဘာ)များက လူသားများ၏ အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသည့်အပြင် ယောင်လောကစီမံခန့်ခွဲမှုဗျူရိုက သိရှိသွားပါက အကျဉ်းချခံရနိုင်ပေသည်။

" ဟားဟား..."

ကျောက်စန်းရှန့်က အသက်မပါသကဲ့သို့ရယ်ပြီး ခေါင်းစဉ်ပြောင်းလိုက်ပေသည်။

" ဒီကလေးက ငယ်ငယ်တည်းက အရမ်းအားရှိတာ... ဒါပေမဲ့ ပညာရေးမှာတော့ စာမေးပွဲမှာ အမြဲ အဆင့်တစ်ကနေ ငါးအတွင်းဝင်တဲ့ မင်းတို့ကလေးတွေလို မတော်ဘူးပေါ့လေ..."

တစ်စုံတစ်ယောက်က သူတို့ကလေးများကို ချီးကျူးလာ၍ လူအချို့က ကြွားဝါသည့်လေသံဖြစ်သွားပြီး စကားလမ်းကြောင်းပါ ပြောင်းသွားတော့သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now