ရှုပ်ထွေးသွားတဲ့ချွမ်ရွေ့စိတ်ထဲရှေ့ကခပ်ချောချောကောင်လေးကိုကြည့်ပြီးဘာလုပ်ရမှန်းမသိ။ထိုကောင်လေးကသူ့သားဖြစ်လာမှာတဲ့လေ။
''ဟို အားနာပေမဲ့...''
ထိုကောင်လေးရဲ့စကားကိုချွမ်ရွေ့အလုံးစုံနားမလည်လိုက်ချိန်မှာတင်ချွမ်ရွေ့နှုတ်ခမ်းတွေကိုထိုကောင်လေးအပိုင်သိမ်းသွားခဲ့သည်။အတော်ကြာဖိကပ်ထားပြီးမှသူ့နှုတ်ခမ်းတွေကိုပြန်လွှတ်ပေးလာရင်းထိုကောင်လေးကကြောင်ထွေစွာငေးကြည့်နေ၏။
"တောင်းပန်ပါတယ် မရယ်ရွယ်ဘဲ...''
''ရတယ် ဘာမှမဖြစ်ဘူး ''
ချွမ်ရွေ့တစ်ချက်ပြုံးကာဘာမှမဖြစ်ကြောင်းပြောလိုက်တော့သူ့ရှေ့ကကောင်လေးကတစ်ဖန်ချွမ်ရွေ့ကိုပြူးကြည့်လာပြန်သည်။
''သွားရတော့မယ်ထင်တယ် ခုဆိုစိတ်ဆိုးနေလောက်ပြီ ''
''ဟုတ် ဟိုဖုန်းနံပါတ်လေးပေးရင်... ''
''ဟက်!နောက်ဆိုအခုလိုမလုပ်နဲ့တော့ ငါကမင်းဖေဖေလေးဖြစ်လာတော့မှာလေ ''
''ဗျာ!!"
ပြူးကျယ်သွားတဲ့မျက်ဝန်းညိုတွေကတကယ့်ကိုထိတ်လန့်သွားမှန်းသိသာသည်။ချွမ်ရွေ့နောက်တစ်ခေါက်ထပ်ပြုံးလိုက်မိတယ်ထင်ပါရဲ့။ထိုကောင်လေးသူ့ကိုဘယ်လောက်တောင်ရယ်မောအောင်လုပ်နေမှာပါလိမ့်။
''ဒါနဲ့ နာမည်က''
''ကင်မ်ဂယူဗင်းပါ ''
''ဗင်း အဲ့တာဆိုရှေ့လျှောက်ကောင်းကောင်းနေသွားကြတာပေါ့ အာ ဒါနဲ့ငါ့နာမည်အရင်းကရှန်ချွမ်ရွေ့ ဟိုတစ်ခါပြောလိုက်တာကသိပ်မသုံးဖြစ်တဲ့နာမည်ဖြစ်နေလို့ ''
နောက်မှာကြောင်ထွေစွာငေးကျန်ခဲ့တဲ့ဂယူဗင်းကိုထားခဲ့လိုက်ပြီးချွမ်ရွေ့ပြန်ဆင်းလာခဲ့လိုက်သည်။မျက်ရည်တွေရစ်သိုင်းနေတာကိုသူမြင်လိုက်ပေမဲ့လျစ်လျူရှု့လိုက်ဖို့သာချွမ်ရွေ့တွေးလိုက်သည်။မဖြစ်သင့်တဲ့အရာတစ်ခုအတွက်စည်းတစ်ခုတော့ထားသင့်တယ်လေ။
''အ!တော်ပါတော့! !နာတယ်!!"
ချွမ်ရွေ့ကျောပေါ်ရောက်လာတဲ့ကြာပွတ်ရာတွေကြောင့်ချွမ်ရွေ့ကျောတစ်ခုလုံးသွေးတွေရွဲနေခဲ့ပြီ။နာကျင်လွန်းလို့ချွမ်ရွေ့အော်ဟစ်အကူအညီတောင်းပေမဲ့ညနေထဲကသူ့တိုက်ခန်းကိုပြန်သွားတဲ့ဂယူဗင်းလည်းရှိမနေသလို ထိုလူယုတ်မာရဲ့အခန်းကလည်းအသံလုံနေခဲ့သည်။ကိုကိုသူ့ကိုရိုက်တယ်ဆိုတာကဒီလူရိုက်တာနဲ့ယှဥ်လို့တောင်မရဘူး။ဒါကမှတကယ့်ငရဲအစစ်ဘဲ ။ချွမ်ရွေ့မျက်လုံးတွေကိုမှိတ်ချလိုက်ရင်းသေသွားဖို့သာဆုတောင်းမိသည်။သူမအော်နိုင်တော့ဘူး လည်ချောင်းတွေကွဲထွက်တော့မတတ်သူအော်ခဲ့ပြီးပြီလေ။သူ့ကိုလာကယ်မဲ့လူမှမရှိခဲ့တာဘဲ။
ESTÁS LEYENDO
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
