''ရှန်ချွမ်ရွေ့!''

''ဟင် ရှန် ချန် ရွေ့လား!?''

''ရှန် ချွမ် ရွေ့ ''

ချွမ်ရွေ့တစ်လုံးချင်းပြန်ပြောလိုက်တော့အကိုကြီးရောအန်တီကရောအသဲယားဖွယ်ရယ်ကြသည်။နားမလည်တဲ့ချွမ်ရွေ့ကတော့ခေါင်းလေးကိုဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နှင့်လိုက်ကြည့်နေရသည်။

''သား ဟျောင်းကနောက်နေတာ သားငယ်လေးရေ သူတရုတ်လိုတတ်တယ်''

ချွမ်ရွေ့စိတ်ထဲလှိုက်ခနဲပျော်သွားရ၏။သူ့မှာဘာသာစကားအခက်အခဲကြောင့်ဘယ်လောက်တောင်စိတ်အနှောင့်အယှက်ဖြစ်လိုက်ရလဲလို့။အခုတော့စကားပြောရအဆင်ပြေတော့မယ်ထင်တယ်။ဒါပေမဲ့အဲ့တာကသူ့ကိုနိုင်စားမဲ့အကွက်ဆိုတာကိုချွမ်ရွေ့လိုကလေးတစ်ယောက်ကမရိပ်မိခဲ့ဘူးလေ။

''ဂျီဝွန်း သားငယ်လေးကိုအပေါ်ခေါ်သွားတော့ ခရီးပန်းလာလောက်တယ် အခန်းတွေကမရှင်းရသေးတော့သားအခန်းထဲညီလေးကိုတစ်ရက်လောက်ပေးအိပ်လိုက်နော် မေမေကအလုပ်ကိုသွားရမှာမို့ ''

''ရတယ် မေမေ ချွမ်ရွေ့သားအခန်းထဲမှာဘဲအိပ်ချင်လည်းရတယ် ''

''အင်းအင်း မေမေသွားပြီနော် သားငယ်လေး ဟျောင်းနဲ့နေအုံးနော် မေမေပြန်လာရင်မုန့်ဝယ်ခဲ့ပေးမယ်နော် ''

''လာ ချွမ်ရွေ့ ''

အကိုကြီးခေါ်ရာနောက်ကိုချွမ်ရွေ့တိတ်တဆိတ်ဘဲလိုက်လာခဲ့လိုက်သည်။အန်တီထွက်သွားရာကိုလှမ်းကြည့်နေတုန်းသူ့လက်ကတင်းခနဲဖြစ်သွားတာမို့မော့ကြည့်လိုက်တော့အကိုကြီးကသူ့ကိုပြုံးပြနေသည်။ဒါပေမဲ့အဲ့အပြုံးကြီးကကြောက်ဖို့ကောင်းသည်။သူ့လက်ကိုဆွဲကိုင်ထားပါသောလက်ကပိုပြီးတင်းကျပ်လာလေချွမ်ရွေ့ပိုပြီးကြောက်လာလေဖြစ်သည်။တုန်ရီလာတဲ့သူကိုယ်ငယ်လေးကိုကြည့်ရင်းအကိုကြီးကပြုံးသည်။

''ချွမ်ရွေ့ မငိုနဲ့ နော်''

''ဟုတ်''

တရုတ်အသံထွက်ပီပီသသနဲ့ထွက်လာတဲ့အကိုကြီးအသံကြောင့်ချွမ်ရွေ့အမြန်တုံ့ပြန်လိုက်သည်။

''နောက်ဆိုဒီအိမ်မှာအလကားနေတော့မှာမလား အဲ့တာဆိုကိုယ့်စကားနားထောင်သင့်တာပေါ့ ''

✨If Only✨Where stories live. Discover now