"ငါစိတ်မဆိုးပါဘူး" လုရွှမ်း အံကြိတ်လိုက်တယ်။

"အင်း ဒါဆိုကောင်းတာပေါ့" ယဲ့ယောင်ကခေါင်းညိတ်သည်။

လုရွှမ်း : "…"

ဒါပဲလား၊ ပြီးပြီလား? သူ့ရဲ့နှစ်သိမ့်ခံရမယ့်ဝန်ဆောင်မှုကရော?

လုရွှမ်းမှာ ဒေါသအမျက်ခြောင်းခြောင်းထွက်နေပေမဲ့ ယဲ့ယောင်အပေါ်လည်းမကြမ်းတမ်းနိုင်လေရာ အဲ့ဒီနောက်မှာတော့ ယဲ့ယောင်၏နို့လက်ဖက်ရည်ကိုသာ ရက်ရက်စက်စက်ဆုပ်ကိုင်၍ စုပ်သောက်လိုက်ကာ သူ၏ဒေါသအားအပြစ်ကင်းသည့် နို့လက်ဖက်ရည်ပေါ်သို့သာ တိုက်ရိုက်ပုံချလိုက်လေတော့၏။

"ဒီဆိုင်ကပိန်းဥအရသာက ဆိုးလိုက်တာ" လုရွှမ်းကအထွန့်တက်လေတယ်။

"တကယ်လား? ငါကအတော်လေးကောင်းတယ်လို့တွေးနေတာ" ယဲ့ယောင်ပြောသည်။

"မင်းငါ့စကားတွေကို ဆန့်ကျင်ဘက်တွေပဲ ပြောမှာတော့မဟုတ်ဘူးမလား?" ယဲ့ယောင်ကိုလုရွှမ်းစူးစိုက်ကြည့်ရင်း ... ထိုးထွက်နေသောဆံပင်မှ ဆံချည်မျှင်လေးက သူ၏နား,နားသို့လွင့်ပျံလာကာ သူအရှုံးပေးလိုက်တော့သည်။ "အိုကေ အဆင်ပြေပါတယ်၊ အရသာကအတော်လေးပျော့တယ်"

နို့လက်ဖက်ရည်ကတစ်ဝက်လောက် ကျန်နေဆဲဖြစ်ပြီး ယဲ့ယောင်ကထွက်မသွားချင်သေးပေ။ စားပွဲခုံဘေးကခုံအလွတ်တွေကို တစ်ခဏလောက်ငေးကြည့်နေပြီးနောက် သူကမေးလာတယ်။ "လုရွှမ်း မင်းဘယ်လိုလူကိုကြိုက်လဲ?"

ထိုမေးခွန်းက ရုတ်တကြီးဖြစ်လေရာ လုရွှမ်းမှာကြောင်အသွားလေသည်။ "ဟမ်?"

ယဲ့ယောင်မျက်လုံးတွေကို လုရွှမ်းထံပြန်လှည့်လိုက်ကာ လုရွှမ်း၏ရှူထောင့်သုံးခုနှင့် ချောမွေ့သောဘေးလိုင်းတွေကိုကြည့်ရင်း တစ်ဖန်ထပ်မေးလိုက်ပြန်၏။ "မင်းဘယ်လိုမိန်းကလေးမျိုးကို သဘောကျလဲ?"

သူတို့ဒီအကြောင်းအရာကို တစ်ခါမှမပြောခဲ့ဖူးပေ။ အထက်တန်းကျောင်းတုန်းက လူတိုင်းစာလေ့လာမှုကိုပဲ အာရုံစိုက်ထားခဲ့ကြတယ်။ လူတော်တော်များများက သူတို့ရဲ့ပထမဆုံး အချစ်ပန်းလေးတွေဖူးပွင့်တာ ဒါမှမဟုတ် ချစ်သူရည်းစားစထားကြပေမယ့် လုရွှမ်းကတော့ ထိုနယ်ပယ်မှမဟုတ်မှန်းသိသိသာသာပင်။ ထိုအချိန်တုန်းက ဆိုးယုတ်သောကျောင်းဘူလီကြီးမှာ ချစ်မိသွားဖို့နေနေသာသာ သူ့ကိုသဘောကျနှစ်သက်သည့်သူများကို ကန်မထုတ်သည်ကပင် ကံကောင်းနေပေလိမ့်မည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now