အခန်း ( ၁၆ )

305 11 1
                                    

Unicode

ကျူရှင်ကို လိုက်ပို့ပေးသည့် ဖခင်ဖြစ်သူကို နှုတ်ဆက်လိုက်ပြီး ဇေယျာ ကျူရှင်ထဲကို ဝင်လိုက်သည်။ သူရိန်တို့သုံးယောက်က မရောက်သေးသော်လည်း သန့်ပိုင်နဲ့ ညီမင်းကတော့ အရင်ရောက်နှင့်နေပြီဖြစ်သည်။ ဒီတစ်ခါတော့ သန့်ပိုင်က အထာနပ်စွာပဲ သူရိန်တို့ စာရေးခုံရဲ့နောက်မှာရှိတဲ့ နေရာကို ဦးထားတာမို့ ဇေယျာ သန့်ပိုင်ကို လက်မထောင်ကာ ချီးကျူးလိုက်သည်။

ဆရာမလာခင်မှာပဲ သူရိန်တို့ ရောက်လာကြသည်။ ထုံးစံအတိုင်း သုံးယောက်လုံး ကျောင်းဝတ်စုံတွေနဲ့မဟုတ်ကြတော့ပေ။ သူရိန်က အနီ ၊ အဖြူနှင့် အမည်း သုံးရောင်စပ်ထားသည့် ရှပ်အင်္ကျီအကွက် လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည်။ သူရိန်ဝတ်လာသည့် အင်္ကျီက ဇေယျာ လက်ရှိဝတ်ဆင်ထားတဲ့ အပေါ်ထပ်အင်္ကျီနဲ့ အနည်းငယ် ဆင်တူပေသည်။

သူရိန်တို့က သူ(ဇေယျာ)တို့ရှေ့မှာ ထိုင်လိုက်ကြတာမို့ ဇေယျာ သူရိန့်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိသည်။

~ ဒီနေ့မှ သူရိန်က ဘာလို့ အများကြီး အများကြီး ကြည့်ကောင်းနေရတာလဲ ! ကောင်မလေးတွေ ဝိုင်းကြည့်နေကြတော့မှာပဲ ! ~

ဇေယျာ သဝန်တိုစွာ တွေးလိုက်သေး၏။ သူရိန်က တကယ့်ကို အရမ်းအရမ်းကို ကြည့်ကောင်းနေတာမို့ ဇေယျာလင်းထက်တစ်ယောက် စိတ်မချနိုင်ပေ။ ဒါတောင် သူတို့နှစ်ယောက်က ရည်းစားမဖြစ်သေးလို့ပင် ...

" ဆံပင်တောင် နည်းနည်းရှည်လာပြီ ! အဲ့လို ဂုတ်ထောက်ဆံပင်နဲ့ဆိုတော့ ပိုကြွေကုန်ကြတော့မှာပေါ့လို့ ! "

ဇေယျာ သူ့ဘာသာတစ်ယောက်ထဲ နှုတ်ခမ်းလေးတစူစူနဲ့ ရေရွတ်နေမိသည်။

အသံတိုးတိုးလေးနဲ့ ကိုယ့်ဘာသာပြောနေသော်လည်း ရှေ့မှာထိုင်နေကြတဲ့ သူရိန်တို့သုံးယောက်ကတော့ ကြားဖြစ်အောင် ကြားသွားသေးသည်။ မင်းမြတ်က သူရိန့်ကိုတံတောင်နဲ့တွတ်ရင်း

" မင့်ကြွက်ဖြူလေးက ပိုင်စိုးပိုင်နင်းစိတ်လေးနဲ့ပါလားဟ ! သဝန်လေးကလည်း တိုလိုက်သေး "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now