''ကလေး ဆေးသုံးထားပြန်တာလား အိပ်ဆေးသောက်တာမဟုတ်ဘူး အဲ့တာဆိုလည်းအိပ် အိပ် ကိုယ်ဖုန်းချလိုက်တော့မယ် ''
ဟုတ်သားဘဲ။ချွမ်ရွေ့ကဆေးသုံးပြီးမတရားhighနေတာဘဲ။ဒီအသံဘဲထွက်မှာပေါ့။
''ဖြန်း!''
''အင့်°°°°''
မက်ချူးချစ်တာခံရတဲ့ချွမ်ရွေ့ကိုဘယ်လိုမှကြည့်မရတော့မို့ပါးကိုခပ်ပြင်းပြင်းလေးတစ်ချက်ရိုက်ပစ်လိုက်သည်။အခုထိဆေးရှိန်မပြယ်သေးတဲ့ကောင်လေးကသူရိုက်လိုက်လို့ဆိုဖာပေါ်ပစ်ကျသွားတဲ့အတိုင်း 'အင်' 'အဲ'နဲ့အသံထွက်နေရုံမှအပ ဘာတစ်ခုမှမတုံ့ပြန်လာ။အမြင်ကပ်ကပ်နဲ့ဆိုဖာပေါ်မှာဘဲဒီတိုင်းထားလိုက်ရင်းသူကတော့အခန်းထဲဝင်အိပ်ဖို့ပြင်လိုက်သည်။အခန်းထဲမှာတော့မက်ချူးအငွေ့အသက်လေးတွေရှိနေမှာပေါ့။
''ချွမ် မထသေးဘူးလားခုထိ မနက်စာရော ''
ခေါင်းဘေးနားကနေတကျီကျီမြည်နေပါသောဖုန်းကြောင့်ကောက်ကိုင်လိုက်ပါလျှင်ဗင်းရဲ့အသံဆာဆာကထွက်လာ၏။နာရီကိုကြည့်လိုက်တော့၁၂နာရီထိုးတော့မှာဘဲ။သူ့ရှေ့ကဆိုဖာကိုကြည့်လိုက်တော့လည်းကိုကိုကသူ့ကိုကြည့်နေသည်နှင့်တိုးသည်။sxxt ဘယ်လိုတွေတောင်အိပ်ပျော်နေတာတုန်း။
''အိပ်တာကလည်းသေနေသလိုဘဲ ''
''ချွမ် ဘယ်သူလဲ''
''ငါထနေပြီ ဗင်း ငါအိပ်ပျော်သွားလို့ ဘယ်သူမှမဟုတ်ဘူး ဖုန်းချပြီ''
''လင်ပါသားလေးကိုတော့အတော်ခင်တွယ်ပုံဘဲ ချွမ်ရွေ့က ''
ကိုကိုကသူ့ကိုခနဲ့ချင်နေတာဘဲ။ညကဘယ်လိုအိပ်ပျော်သွားပါလိမ့်။မနက်တောင်မထနိုင်တဲ့ထိသူဘယ်လိုအိပ်ပျော်သွားပါလိမ့်။စဥ်းစားလို့လည်းမရပြန်။
''အ!!''
ဝါးသန်းမလို့ပါးစပ်ဟလိုက်တော့စူးကနဲ့နာသွားပါသောနှုတ်ခမ်းထောင့်ကြောင့်ရစ်ခီမျက်ရည်တောင်ဝဲတက်လာသည်။နှုတ်ခမ်းကရောဘာဖြစ်ပြန်တာတုန်း။
''အာ နှုတ်ခမ်းကငါညကမင်းပါးကိုတစ်ချက်ရိုက်လိုက်သေးတယ်လေ အရင်လိုရိုက်လို့ကောင်းတုန်းဘဲ''
YOU ARE READING
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
