''မင်း တအားလှလာပြီ အရင်ကလည်းလှပေမဲ့ အခုကအရွယ်ရောက်လာပြီဆိုတော့ပိုလှလာတယ် ''

''အင်း..ဟင်း!!!"

"အရမ်းhighနေတာလား ဟုတ်လား''

ဆိုဖာနောက်ကိုကျောမှီလို့ချွမ်ရွေ့ဟာမျက်လုံးတောင်သိပ်မပွင့်ချင်တော့။အသံသေးသေးလေးတွေထွက်ရင်းညီးညူနေ၏။ဂျီဝွန်းကတော့ထိုမြင်ကွင်းကိုစိတ်ကျေနပ်စွာကြည့်နေသည်။သူ့တိုက်တွန်းမှု့နဲ့ချွမ်ရွေ့ဆေးလိပ်သုံးလိပ်လောက်တစ်ထိုင်ထဲသောက်လိုက်ရတာလေ။အဲ့လောက်highနေတာလည်းမမှားပါဘူး။တစ်ချက်တစ်ချက်မှေးမှိန်နေတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုလှမ်းကြည့်တတ်သေးသည်။

''တအားhighနေတာလား? ?''

ဒုတိယမြောက်မေးလိုက်တဲ့မေးခွန်းနောက်မှာထိုကောင်လေးကဂျီဝွန်းနဲ့အကြည့်ချင်းဆုံလာသည်။ဆေးရှိန်နဲ့မို့ရဲတင်းနေတာဖြစ်လိမ့်မယ်။ပုံမှန်ဆိုရင်မျက်လုံးချင်းဆုံဖို့ဆိုတာဘယ်လောက်တောင်ရှားလိုက်လဲလို့။သေချာကြည့်မှထိုကောင်လေးရဲ့မျက်လုံးတွေတော်တော်လှသည်။ခေါင်းထဲအလုံးအရင်းနဲ့ဝင်လာတဲ့ရင်းနှီးနေတဲ့စိတ်ကြောင့်ဂျီဝွန်းခေါင်းကိုဖြည်းဖြည်းချင်းခါထုတ်ပစ်လိုက်သည်။

'Like if you hold me without hurting me,you'll be the first who ever did'

စားပွဲပေါ်ကမြည်လာပါသောချွမ်ရွေ့ဖုန်း​ကြောင့်ဂျီဝွန်းကြည့်လိုက်တော့သူချစ်ရတဲ့ကောင်လေးဖြစ်နေတာမလို့ချွမ်ရွေ့ခွင့်ပြုချက်တောင်မတောင်းတော့ဘဲကောက်ကိုင်လိုက်သည်။

''ကလေးလေး ကိုယ်မနက်ဖြန်မှပြန်လာတော့မယ်နော် ဒီမှာအရမ်းပြသာနာကြီးနေလို့ ''

ဖုန်းထဲကကြားရတဲ့မက်သရူးရဲ့အသံချိုချိုကြောင့်ဂျီဝွန်းမျက်နှာကတင်းခနဲ။သူနဲ့ဆိုရင်အတက်အကျမရှိတဲ့စက်ရုပ်သံကြီးနဲ့ပြောနေကြ။ခုချွမ်ရွေ့ကိုကျတော့ရွန်းရွန်းကိုဝေနေတာဘဲ။

'' ... ''

''ကလေးလေး စိတ်ဆိုးနေတာလား စကားပြန်ပြောပါအုံး''

''အင်းးးး!''

သံရှည်တစ်ချက်ဆွဲပြီးဖြေလာပါသောဆိုဖာပေါ်ကကောင်ကြောင့်ဂျီဝွန်းမျက်ခုံးတို့ဟာထိဆက်မတတ်ကြုံသွားရ၏။အသံကိုကမြူဆွယ်နေတဲ့အသံနဲ့။

✨If Only✨Where stories live. Discover now