"ချွမ်ရွေ့နဲ့အကိုအဲ့လိုအဆင့်ထိမရောက်ပါဘူး ''

''ငါ့ကိုအရူးများမှတ်နေလား ရှန်ချွမ်ရွေ့ ဟမ်! !! မင်းမှာမက်သရူးမက်စရာဆိုလို့မြူဆွယ်လို့ကောင်းတဲ့မင်းမျက်နှာနဲ့ခန္ဓာကိုယ်ဘဲရှိတာမဟုတ်ဘူးလား!!! ''

''တကယ်အဲ့လိုအဆင့်ထိတစ်ခါမှမရောက်သေးပါဘူး ချွမ်ရွေ့ကျိန်ပြောရဲပါတယ်''

''နည်းနည်းလေးပြောလိုက်တာနဲ့ငိုဖို့ဆိုတာကြီးဘဲ ရှန်ချွမ်ရွေ့ ဖိနပ်မြန်မြန်ချွတ်ပြီးရင်ငါ့အတွက်ကော်ဖီဖျော်ခဲ့ပေး ''

''ဟုတ်''

သူ့ဖိနပ်ကိုချွတ်ပြီးတာနဲ့မီးဖိုခန်းထဲပြေးဝင်သွားတဲ့ချွမ်ရွေ့ကြောင့်ဂျီဝွန်းသူ့ရဲ့မကောင်းဆိုးရွှားဆန်ဆန်အပြုံးကိုပြုံးလိုက်မိသည်။သူဒီလိုမပြုံးဖြစ်တာဘယ်လောက်တောင်ကြာနေပြီလဲ။သေချာပေါက်ထိုကောင်လေးသူ့အိမ်ကထွက်သွားထဲကဖြစ်ပါလိမ့်မယ်။နှိပ်စက်စရာလူမရှိတော့တာမို့ဂျီဝွန်းသူ့ရဲ့စိတ်တွေကိုချိုးနှိမ်ခဲ့ရတာကြာနေပြီလေ။

''ဟျောင်း ရော့ရပြီ ''

သောက်လိုက်မိပါသောကော်ဖီအရာသာဟာလွန်ခဲ့တဲ့နှစ်တွေကအတိုင်းမပြောင်းမလဲရှိနေ၏။သူ့ဘေးနားကဆိုဖာမှာကြုံကြုံလေးထိုင်နေတဲ့ချွမ်ရွေ့ကိုကြည့်လိုက်ရင်းဂျီဝွန်းအတွေးများရပြန်၏။ဒီတိုင်းထိုင်နေတဲ့ပုံလေးကတောင်မြူဆွယ်နေသလိုမျိုးဖျက်စီးပစ်ချင်စရာကောင်းနေတာကိုမက်ချူးနဲ့တကယ်ဘဲဘာမှမဖြစ်ကြသေးတာလား။

''ရှန် ချွမ် ရွေ့... ''

''ဟုတ် ဟျောင်းပြောလေ ''

''အဲ့ရှေ့ကဆေးလိပ်သောက်လိုက်!''

''တော်ပြီ မသောက်တော့ဘူး စောနကမှသောက်ထားတာ အများကြီးသောက်ရင်စွဲမှာဆိုးလို့''

''လုပ်ပါ သောက်လိုက်စမ်းပါ လိမ္မာတဲ့ကိုကို့ရဲ့ကြောင်ပေါက်လေးလုပ် နော်''

ဂျီဝွန်း 'နော်'လို့ပြောလိုက်ပြီဆိုရင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေချွမ်ရွေ့ဘက်ကလက်ခံရသည်။မဟုတ်တာပြောလည်း 'ဟုတ်'လို့တစ်ခွန်းတည်းလက်ခံရသည်။မဟုတ်ရင်ဂျီဝွန်းကထိုကလေးမျက်နှာလှလှလေးကိုဖျက်စီးပစ်မယ်လို့ခြိမ်းခြောက်တတ်တာမလို့လေ။

✨If Only✨Where stories live. Discover now