''မဟုတ်ပါဘူး ဒါချွမ်ရွေ့ရဲ့ကိုယ်ပိုင်ပါ အကို့နားကနေချွမ်ရွေ့ဘာမှလက်မခံထားပါဘူး''
''အေးပေါ့ မင်းအရင်ယောကျာ်းထားခဲ့တာတွေကနည်းတာမှမဟုတ်တာ နော် ''
''ဟုတ်''
လက်မခံချင်တဲ့ပုံစံနဲ့လက်သီးဆုပ်လိုက်တာကိုသူမြင်ပေမဲ့ပါးစပ်ကသူလိုချင်တဲ့အဖြေကိုသာပေးလာသည်။ဒါကလည်းဂျီဝွန်းအရင်ကပုံသွင်းပေးထားတာကိုအသားကျနေတာထင်ပါရဲ့။
''ဒါနဲ့မက်ချူးရော''
''ဟို စက်ရုံတွေဘက်မှာပြသာနာတက်လို့တဲ့ အဲ့တာဒီညတောင်ပြန်ရောက်ချင်မှရောက်မှာ ''
ဂျီဝွန်းအရှေ့ကဖန်စားပွဲပေါ်ခြေထောက်တင်လိုက်တဲ့ထိချွမ်ရွေ့ဟာမတ်တပ်ရပ်နေဆဲ။
''လာထိုင်လေ ''
''ဟုတ်''
''အာ ဖိနပ်ချွတ်ပေးအုံး ချွတ်ဖို့မေ့သွားတယ်''
''ဟုတ် ဟျောင်း!''
သူ့ဖိနပ်ကြိုးကိုဖြည်နေတဲ့ချွမ့်ရွေ့ကိုကြည့်ပြီးဂျီဝွန်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။သူငယ်စဥ်တုန်းကဒီကောင်လေးကိုနှိပ်စက်ရင်းသာယာမှု့ရှာခဲ့ရတဲ့အချိန်တွေကိုတောင်လွမ်းလာသလိုဘဲ။ထိုကောင်လေးဟာသူတစ်သက်လုံးဆော့လို့ရမဲ့အရုပ်ကလေးလို့ထင်ထားတာ။၁၈နှစ်ပြည့်တာနဲ့အသက်50ကျော်နေတဲ့အဖိုးကြီးနဲ့ယူသွားမယ်လို့သူဘယ်ထင်ပါ့မလဲ။
ထိုကောင်လေးဟာသူ့စကားဆိုမလွန်ဆန်ဘူး ။ဘာဖြစ်ဖြစ်လုပ်တာကြီးဘဲ။အဲ့ကင်မ်အဖိုးကြီးနဲ့ယူတဲ့အချိန်ကသာသူ့ကိုပထမဆုံးဂလန်ဂဆန်လုပ်တာဘဲ။သူစိတ်ထဲတော့ပိုက်ဆံမက်လို့လို့ထင်တာဘဲ။
''ဟျောင်း!''
သူ့ရှေ့မှာဒူးထောက်ရင်းဖိနပ်ကြိုးဖြည်နေတဲ့ချွမ်ရွေ့ရဲ့မေးဖျားလေးကနေဆွဲမော့လိုက်တော့မျက်လုံးအဝိုင်းသားလေးနဲ့သူ့အားခေါ်တွင်လာသည်။နှုတ်ခမ်းပါးနီရဲရဲလေးအားသူ့လက်မနဲ့တစ်ချက်ပွတ်သပ်လိုက်ရင်းဂျီဝွန်းအသိချင်ဆုံးမေးခွန်းကိုမေးဖို့ပြင်လိုက်သည်။
''မက်ချူးနဲ့အိပ်ရတာအဆင်ပြေရဲ့လား မက်ချူးကချွမ်ရွေ့လေးကိုတော့ညင်သာမဲ့ပုံပါဘဲ ဟမ်''
YOU ARE READING
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
