TSOSC - 15

119 27 10
                                    

Unicode

"ဒါ ဆိုင်ခန်းစာချုပ်ပါညီမ" တစ်နှစ်စာဝင်ငွေစာတမ်းတွေနဲ့အတူ စားသောက်ဆိုင်အဆောက်အဦးရဲ့ပိုင်ဆိုင်မှုစာချုပ်တွေကိုပါ ပူးတွဲပြီး ထည့်လာတဲ့အပြာရောင်ဖိုင်ကို စားပွဲအလယ်မှာတင်လိုက်တယ်။

ငယ်ရွယ်ပြီး သိပ်ကိုလှပတဲ့အမျိုးသမီးက စားပွဲအလယ်ကဖိုင်တွဲကိုယူကာ စာရွက်စာတမ်းတစ်ရွက်ချင်းဆီကိုစစ်ဆေးပြီးနောက် ခပ်တိုးတိုးဆိုပါတယ်။
"ပတ်ဝန်းကျင်အဆောက်အဦးတွေဆီက ထောက်ခံ‌ေပးတဲ့စာရွက်တွေလိုသေးတယ်"

"ညီမရယ် … အစ်မကစားသောက်ဆိုင်ပဲဖွင့်တာပါ တခြားဆိုးတာဘာမှမပါပါဘူး … ဒီလောက်တော့လျှော်ပေးပါ" သူမစိတ်ထဲ အမှန်တကယ်ပြောချင်တာက 'နင့်ဆီကငွေလာချေးတာ ဆိုင်ဆောက်လုပ်ခွင့်လာတောင်းတာမဟုတ်ဘူး' ဆိုတဲ့အကြောင်း။

"ကောင်းပြီ … ယွမ် သိန်း သုံးဆယ်ပဲနော်"

"ဟုတ်ပါတယ်"

"ထုံးစံအတိုင်း အတိုးက  ၂ ရာခိုင်နှုန်း နဲ့ သုံးနှစ်စာချုပ်၊ ဒီတစ်ခေါက်ဆိုင်စာချုပ်တော့ ညီမလက်ထဲတစ်နှစ်ထားခဲ့ပေးနော်၊ သမီးလေးလွယ်ထားတုန်း ပထမဆုံးလုပ်ဖြစ်သွားတဲ့အပေးအယူဆိုတော့လေ" ဝမ်းဗိုက်က ဗိုက်ဖောင်းဖောင်းကိုပွတ်ရင်း ချိုသာစွာပြုံးကာပြောလိုက်ပါတယ်။

တစ်ဖက်အမျိုးသမီးသည်လည်း ဒါကိုလက်ခံတယ်။ နည်းပါးလွန်းတဲ့အတိုးနှုန်းနဲ့ငွေချေးပေးသူက ခုကာလမှာသိပ်ကိုရှားပါးနေပြီဖြစ်တဲ့အတွက် ဆိုင်စာချုပ်ကိုပါအပေါင်ထားခဲ့လိုက်တယ်။

အသက်ကြီးကြီးအမျိုးသမီးက ယွမ် သိန်းသုံးဆယ်ထည့်ထားတဲ့ အိတ်ကိုလွယ်ပြီးနောက် ဆိုင်စာချုပ်ကိုထားခဲ့ကာ သုံးထပ်တိုက်အဆောက်အဦးထဲမှထွက်လာခဲ့ပါတယ်။

ခပ်လှမ်းလှမ်းသစ်ပင်‌ခြေရင်းမှာ ထိုင်နေတဲ့ကလေးနှစ်ဦးဆီ‌ အကြည့်ရောက်သွားတဲ့ ထိုအမျိုးသမီးက လှမ်းအော်လိုက်ပါတယ်။
"သား ယွီချန် မားမားတို့ပြန်ရအောင်"

တိုင်းရင်းသားဆက်တဲ့ကလေးက သူ့ထက် ပိုငယ်တဲ့ကောင်လေးကိုနှုတ်ဆက်ပြီးနောက် ထိုအမျိုးသမီးဆီပြေးလာပါတယ်။ အ‌နားရောက်တဲ့အခါ ခပ်တိုးတိုးမေးတယ်။
"မားမားအဆင်ပြေခဲ့လား"

The Sound of someone cryingWhere stories live. Discover now