TSOSC - 8

235 40 10
                                    

Unicode

ကူးနဲ့ဝမ်​ရိ​ပေါ်ဟာ ထိုသူကို တကြိမ်​တခါ​လောက်​ဖြစ်​ဖြစ်​ငို​စေချင်​ခဲ့​ပေမဲ့ တကယ်​တမ်း​မျက်​ရည်​ကျလာတဲ့အခါ ကူးကမရှိ​တော့သလို ဝမ်​ရိ​ပေါ်နှလုံးသားသည်လည်း​ဘ​လောင်​ဆူတယ်​။

"ကူး ... သူကမျက်​ရည်​ကျတတ်​တယ်​... သူ့မှာမျက်​ရည်​မရှိဘူးလို့ထင်​တာ ငါတို့မှားတယ်​... ဒါ​ပေမဲ့​လေကူး ... သူမျက်​ရည်​ကျတာငါ့​ကြောင့်​မဟုတ်​ဘူး ... မင်း​ပြောခဲ့သလိုပဲ ... သူကသူသ​ဘောကျတဲ့စာ​တွေ​ကြောင့်​ပဲမျက်​လုံးအားနည်းပြီးမျက်​ရည်​ကျလာတာ"

ဝမ်​ရိ​ပေါ်ဟာ​အုတ်​မှိုင်း​နေတဲ့​ကောင်းကင်​ကြီးကိုကြည့်​ရင်း တစ်​ဦးထဲ​ရေရွတ်​နေခဲ့တယ်​။ ကူးမရှိ​တော့တည်းက ဝမ်​ရိ​ပေါ်မှာရင်​ဖွင့်​ရမယ့်​လူမရှိ​တော့ဘူး။ ဝမ်​ရိ​ပေါ်ရဲ့ရင်​တွင်းက​စကား​တွေကိုနား​ထောင်​ပေးမယ့်​လူမရှိ​တော့ဘူး။ ပြီး​တော့​ရှောင်းကျန့်​အနားချဉ်းကပ်​ဖို့နည်းလမ်းကိုလည်း မရှာ​ဖွေတတ်​တော့ဘူး။

အပုန်းသိပ်​ကောင်းတဲ့​ကောင်​မ​လေးတစ်​ယောက်​ကို ပိုက်​ဆံသိပ်​ချမ်းသာတဲ့​ကောင်​လေး​တောင်​မရှာ​ဖွေနိုင်​ခဲ့သလို စာအုပ်​တွေကြားမှာပဲအချိန်​ကုန်​တတ်​တဲ့​ကောင်​လေးသည်​လည်း ထို​ကောင်​မ​လေးကို​မေ့​မေ့​ပျောက်​ပျောက်​ဖြစ်​လာခဲ့သည်​။

ITE - 35

The Sound of someone crying

~*~*~~~ ဆက်​ရန်​~~~*~*~

Zawgyi





ITE - 35


~*~*~~~ ဆက်​ရန်​ ~~~*~*~

The Sound of someone cryingWhere stories live. Discover now