TSOSC - 11

207 36 8
                                    

Unicode

စာ​မေးပွဲနီးမှ စာထလုပ်​တဲ့ဝမ်​ရိ​ပေါ်ကို လူ​တွေက အထူးအဆန်းကြည့်​ကြပါတယ်​။​ရှေ့မှာ​တော့ "ကြိုးစား​ပေါ့" လို့​ပြောကြ​ပေမဲ့​နောက်​ကွယ်​ရောက်​ရင်​"ကျမှာပဲ" ဆိုတဲ့စကားကိုအတင်းအဖျင်းလို​ပြောကြတယ်​။ ဒါ​တွေပြန်​ကြားရလို့လည်း သူ​ဒေါသမဖြစ်​မိဘူး။ မှန်​ပါတယ်​။ ဒီနှစ်​မှာ သူ​အောင်​ဖို့ရည်​ရွယ်​ချက်​မရှိဘူး။ အနည်းဆုံး​တော့ ဒီနှစ်​ကျရင်​တောင်​နောက်​နှစ်​ပြန်​တတ်​တဲ့အခါ ဒီစာ​တွေကအလကားမဖြစ်​ဘူး​လေ။

"ဒီနှစ်​တော့​အေး​ဆေး​ပျော်​ပါးပြီး​နေ​လေကွာ ... လာ ဒီတစ်​ခေါက်​ကလပ်​သွားကြမယ်​... ဟိုတစ်​ခါ bar မှာ​တွေ့တဲ့​ကောင်​မ​လေး​တွေက ဒီ​နေ့အဲ့မှာ​တွေ့မယ်​လို့ချိန်းထားတာမင်းမှတ်​မိတယ်​မှတ်​လား"

ထိုသို့​ခေါ်​ဆောင်​တဲ့လူ​တွေက သူ့ရဲ့ဝမ်းကွဲညီအစ်​ကို​တွေဖြစ်​တယ်​။ သူ့ထက်​သုံး​လေး နှစ်​ကြီးတဲ့ဝမ်းကွဲ အစ်​ကို​တွေဖြစ်​နေပါ​စေဦး​တော့ ဘယ်​သောအခါမှ​ဘေလ်​ရှင်း​ပေးရိုးထုံးစံမရှိဘူး။ ဝမ်​ရိ​ပေါ်ပါရင်​ဝမ်​ရိ​ပေါ်ပဲရှင်းရတယ်​။ ဝမ်​ရိ​ပေါ်ရဲ့ပိုက်​ဆံကိုကပ်​သုံးတဲ့ထိုသူ​တွေက Club​တွေ Bar​တွေထဲ​ဈေးအကြီးဆုံး table ကိုမှထိုင်​ချင်​ကြတယ်​။ သူ့မှာ​ငွေ​ပေါလို့ ထိုသူ​တွေကပ်​နေကြမှန်းလည်းသူသိတယ်​။ သို့​ပေမဲ့ ဝမ်​ရိ​ပေါ်ကသိသိလျက်​နဲ့မိုက်​တွင်း​တွေနက်​ပါတယ်​။

ဝမ်​ရိ​ပေါ်ပိုက်​ဆံကိုကပ်​သုံးတဲ့ သူ့ဝမ်းကွဲအစ်​ကို​တွေက သူတို့ရဲ့အ​ပေါင်းအသင်း​တွေကိုပါ အားမနာတမ်း​ခေါ်ကြတယ်​။
"လာခဲ့ ဒီတစ်​ခေါက်​လည်းငါ့ညီကရှင်းမှာတဲ့"

ရှင်း​ပေးပါမယ်​လို့ ဝမ်​ရိ​ပေါ်မ​ပြောခဲ့ပါဘူး။ ဝမ်းကွဲအစ်​ကို​တွေကသာ ဝမ်​ရိ​ပေါ်​ပြောပါတယ်​ဆိုပြီး သူတို့အ​ပေါင်းအသင်း​တွေကို​ခေါ်​ဆောင်​ကြတာပါ။​ဈေးသင့်​တဲ့ ဝီစကီကို အာစွတ်​ရုံ​သောက်​နေတဲ့ဝမ်​ရိ​ပေါ်က ထိုစကား​တွေကိုကြား​ပေမဲ့ သူမ​ပြောပါဘူးလို့လည်းပြိုင်​ငြင်းမ​နေ​တော့ပါဘူး။ ဒီဝိုင်းစလိုက်​တည်းက သူရှင်းရမယ်​ဆိုတာဝမ်​ရိ​ပေါ်သိပြီးသားပါ။ မျိုးရိုးကြား​ထဲ ဝမ်​ရိ​ပေါ်အ​ဖေက အ​တော်​လေး​ငွေရှာ​ကောင်းတာလည်းပါမှာ​ပေါ့​လေ။

The Sound of someone cryingWhere stories live. Discover now