part.48(uni&zawgyi)

Start from the beginning
                                    

"ကျွန်​မ..တစ်​ကယ်​..ဘာမှမဖြစ်​ပါဘူး..ကျွန်​မ
သွားလို့ရပြီလားဟင်​..ကျွန်​မ..အရမ်း​နောက်​ကျ​နေ
လို့ပါ..."

အသင်​..အသင့်ကိုထိန်းတွဲထားတဲ့..ဦး​လေးကြီးနှင့်
အမျိုးသမီးကြီးရဲ့..လက်​ထဲက​နေရုန်းထွက်​လိုက်​သည်​။

"ကျစ်​..."

ဖိနပ်​တစ်​ဖက်​ထဲရှိ​နေတဲ့..​ခြေ​ထောက်​ကိုကြည့်ပြီး
စိတ်​ပျက်​သွားရသည်​။ကား​ပေါ်က​နေသူများအကူ
အညီနဲ့ထွက်​လာရတုန်းက...ဖိနပ်​တစ်​ဖက်​က..
ညှပ်​ပြီးကျန်​​နေခဲ့တာ...

မထူး​တော့ပြီမို့..အသင်​​နောက်​တစ်​ဖက်​ပါ..ချွတ်​ပစ်​ကာ
ထို​နေရာက​နေ..အ​ပြေးတစ်​ပိုင်း​ခြေလှမ်း​တွေနှင့်..
လှည့်ထွက်​လာခဲ့သည်​။

ပလက်​​ဖောင်းမှာ..ရပ်​​နေရင်း..မိုးသည်းသည်းကြီးထဲ
ဖြတ်​သွားသမျှတက္ကစီ​တွေကိုတစ်​စီးပြီးတစ်​စီး
တား​နေခဲ့​သော်​လဲ...​ခြေဗလာနှင့်..မိုး​ရေ​တွေ...
ရွဲရွဲစို​နေတဲ့..အသင့်ကို..တစ်​စီးမှရပ်​မ​ပေးကြ...

"7:49" P.M

၁၀မိနစ်​​လောက်​ပင်​လို​တော့​သော..လက်​ကနာရီကို
ကြည့်လိုက်​မိချိန်​မှာ..​သွေးပျက်​မတတ်​..

"ဟင့်အင်း..အဲ့လိုမဖြစ်​ရဘူး...."

​ဆောက်​တည်​ရာမရတဲ့သူတစ်​ယောက်​လိုဖြစ်​သွား
ရတဲ့..အသင်​..သည်းကြီးမဲကြီးရွာသွန်း​နေတဲ့
မိုး​ရေ​တွေကြားထဲ..ဦးတည်​ရာတစ်​ခုဆီ...​ခြေဗလာနှင့်
​ပြေးလွှားလာခဲ့ရင်း....

"အသင်​ရှင့်ဆီ​ရောက်​​အောင်​လာခဲ့မှာ..အဲ့ဒါ​ကြောင့်
အသင်​​နောက်​ကျရင်​​တောင်...အသင့်ကို​စောင့်​နေ
​ပေးပါ...​နေ....."

~~~~~~~~~~~~~~🌺🌺🌺🌺

"ကျွီ...."

​ပေါ်တီကို​အောက်​မှာ..ကျယ်​​လောင်​​သော..ဘရိတ်​အုပ်​သံ
နှင့်အတူ..​နေ့ရဲ့ကားထိုးရပ်​သွားတာနှင့်...ဝန်​ထမ်း​တွေ
ကပျာကယာ​ပြေးထွက်​လာကြသည်​။

"boss...."

"ဟင်​..မမ​​လေး..မမ​လေး..ဘာဖြစ်​တာလဲ...."

နှစ်​​ယောက်​လုံးမိုး​ရေ​တွေရွဲ​နေသည့်အပြင်​..​နေ့မျက်​နှာ
နီမြန်​မြန်းနှင့်..​နေ..လက်​ထဲမှာ..​ပျော့​ခွေ​နေလျက်​..
​ပွေ့ချီထားသည့်..သူမကိုမြင်​ပြီး..အားလုံးပျာယာ
ခတ်​ကုန်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now