part.46(uni&zawgyi)

Start from the beginning
                                    

"မမ​လေးက..အ​ရေးကြီးသွားစရာရှိလို့ဆိုပြီး...
အပြင်​သွားပါတယ်​...boss...."

​မေနွမ်းစကား​ကြောင့်..​နေ..မျက်​​မှောင်​ကြုတ်​သွား
ရကာ....

"အ​စောကြီးပဲ..အလုပ်ကလဲခွင့်ယူထားတယ်​...
မဟုတ်​လား...ဘယ်​ကိုသွားတာလဲ...."

"ဟို..အဲ့ဒါ​တော့..ကျွန်​မလဲမသိဘူး...bossမနိုး​သေးလို့
ကျွန်​မကို​ပြော​ပေးပါဆိုပြီး..မှာသွားတာပါ..."

​နေ..ညက​ဆေးရှိန်​နှင့်အိပ်​​ပျော်​သွားတာ​ကြောင့်..
မနက်​​နောက်​ကျမှနိုးသည်​။အခု​..နိုးလာ​တော့
သူမကမရှိ​တော့...မ​နေ့ကလဲ..သူမစိတ်​မ​ကောင်း
ဖြစ်​သွား​တာ​ကြောင့်..သူမကိုမမြင်​ရတဲ့မနက်​ခင်းက
​နေ့ကို...အလိုမကျဖြစ်​​စေသည်​။

​နေ..​ကော်​ဖီ​သောက်​တာကိုလဲစိတ်​မပါ​တော့သလို
သတင်းစာကိုလဲ..ဖတ်​ရမှာ..စိတ်​မဝင်စား​​တော့ပဲ
စားပွဲမှထလိုက်​သည်​။

"boss..​နေ့လည်​စာအတွက်​..ကျွန်​မဘာစီစဉ်​
​ပေးရမလဲ..."

"ကျွန်​​တော်​ထမင်းမစားချင်​ဘူး..ဆန်​ပြုတ်​....
အင်း..ဖရုံသီးဆန်​ပြုတ်​ဆို..အဆင်​​ပြေမယ်​..အဲ့ဒါပဲ
လုပ်​​ပေးပါ....."

"ရှင်​..ဟုတ်​..ဟုတ်​ကဲ့...."

​ပြောပြီး..မျက်​နှာမသာမယာနှင့်...ထမင်းစားခန်းထဲက
ထွက်​သွားတဲ့..bossကိုကြည့်ကာ...​မေနွမ်း...
သက်​ပြင်းချလိုက်မိ​လေ​တော့သည်​။

~~~~~~~~~~~🌺🌺🌺

No.(153)

သစ်​ပင်​ပန်းမန်​တို့မရှိ​ပေမဲ့...သစ်​လွင်​တဲ့​ဆေး​ရောင်​​လေး
သုတ်​ထားသည့်..​နေချင့်စဖွယ်​နစ်ထပ်တို​​က်​အိမ်​
​လေး​ရှေ့မှာ..​အသင်​..​ခြေစုံရပ်​လိုက်​မိသည်​။

"ဒါ..ညက..ကိုကိုငါ့ကို​ပြောခဲ့တဲ့လိပ်​စာပဲ..."

အသင်​..စိတ်​လူပ်​ရှားမူ့​ကြောင့်..​အေးစက်​​နေတဲ့
လက်​​လေးနှင့်..ခြံတံခါးက..​ခေါင်း​လောင်းကြိုးကို.
ဆွဲလိုက်​သည်​။

ခဏ​နေ​တော့...အိမ်​ထဲက​နေထွက်​လာသည့်..အမျိုး
သမီးကြီးတစ်​​ယောက်​....

စေတန်ရဲ့သတို့သမီးWhere stories live. Discover now