*ကျွန်တော် မသိဘူး စဉ်းစားချင်စိတ်လည်းမရှိဘူး
ခများ အပြင်ထွက်တော့ အန်တီမြင်ရင် မကောင်းဘူး*

*ဘာဖြစ်လည်း မြင်တော့ မကြာခင်ဘဲ ကိုယ့်မိန်မဖြစ်တော့မယ့်သူကို *

*ဘာ ခများကြီး ဘာပြောတယ် ကြီး‌ပြီးတော့ စကားနိုင်လာလုနေတာ
အင့်ဟယ် အင့်ဟယ်*

ကုတင်ပေါ်ကနေ ဆင်းလာပြီး ခွန်းလက်မောင်းကို တဘုန်းဘုန်း လာထုနေသည်။
ထုနေသော လက်ကလေးကို ခွန်း အသာ ဖမ်းကိုင်လိုက်ကာ ကိုယ်လုံးသေးသေးလေးကို
ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်လေသည်။  ရုန်ကန်နေသောကြောင့် ရုန်းလို့မရသည့်တိုင်
ပိုမို တင်းကျပ်နေအောင်ဖက်ထားလိုက်သည်။

*လွှတ် ဘာလြိ့ဖတ်တာလည်း ဘာဆိုင်လို့လည်း*

*ဆိုင်တယ်ကွာ ဆိုင်တယ် ကဲကွာ.....*

မျက်နာအနှံ့ အနမ်း တွေ တရစပ်သာပေးပစ်လိုက်တော့သည်။ တစ်ခါနမ်းပြီးရင် ဆက်တိုက် ထပ်ပြီး နမ်းပစ်ချင်လောက်အောင်ကို ဂွမ်းသားလေးလို နူးညံ့လွန်းသည်။ ပါးလေးတွေလည်း ရဲလာကာ...နူတ်ခမ်းကြီး ဆူလို့ပင်။ ‌ဆူပုပ်နေသော နူတ်ခမ်းလေးကို အကြာကြီး ဖိကပ် နမ်းပစ်လိုက်သည်။

*အွင့် အ္ငင့်*....

*ဘုန်း ဘုန်း.....*

ခွန်းရင်ဘက်လည်း ရစရာမရှိအောင်ကို ထုခံထားရပြီဖြစ်သည်။ တော်တော် လက်ဆိပ်ရှိတဲ့ကလေးမ။ ဆိတ် ထားတဲ့နေရာတွေကြည့်လိုက်တော့လည်း ပေါက်ပြဲကာ သွေးတောင်စို့နေပြီဖြစ်သည်။
ကလေးမ နူတ်ခမ်းလေးလည်း အရင်က ထော်ပါတယ်‌ဆို အခုတော့ ရဲပြီး ပိုလို့တောင်ထော်လေနေပြီ။ ဒေါသရိပ်တွေလွှမ်းမိုးနေသော အကြည့်စိမ်းစိမ်းနှင့်အတူ။

*ကလေး ကိုယ် တောင်းပန်ပါတယ်ကွာ*

*ဖြန်းး*

ခွန်းရဲ့ ပါးတစ်ဖက် ရိုက်ချက်နှင့်အတူ နာကျင်သွားရသည်။
ခေတ်ဘဝမှာ အတင်းကျပ် လုပ်ခံရတဲ့ အရာမျိုးကို သိပ်မုန်းသည်။ လုပ်ယူလို့ရတဲ့ ခံစားချက် မဟုတ်ပေမယ့် ခေတ် စဉ်းစားပေးဖို့ တွေးထားသည်။ သို့ပေမယ့် သူကိုယ်တိုင်ဘဲ အခွင့်ရေးကို ဖျက်စီးခဲ့တာမဟုတ်လား။ ထပ်ပြီးအခွင့်ရေးပေးဖို့လည်း စိတ်ကူးမရှိတော့ပါ။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now